“သို့သော်” လို့အဓိပ္ပာယ်ရအောင် ‘ဒါပေမယ့်’
နဲ့ ‘ဒါပေမဲ့’ ဆိုတဲ့စကားလုံးတွေ တစ်ယောက်တစ်မျိုး ရေးခဲ့ကြပါတယ်။ ဘယ်စာလုံးပေါင်းကအမှန်ဆိုပြီး
စံမရှိတာကြာပါပြီ။ ဒါ့ကြောင့် (၂၀၁၉)ခုနှစ်၊ စက်တင်ဘာ လထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ
သဘာဝကျပြီးမှန်ကန်တဲ့ ‘ဒါပေမဲ့’ ဆိုတဲ့စကားလုံးသုံးဖို့ ပြဋ္ဌာန်းပြီးဖြစ်ပါ တယ်။
‘ဆိုပေ၊ သို့ပေ’ စတဲ့စကားလုံးတွေနဲ့ သုံးရင်လဲ ‘မဲ့’ နဲ့တွဲရေးရပါမယ်။ သာဓက -
- မိုးအုံ့နေတယ်။ ‘ဒါပေမဲ့’ မရွာသေးဘူး။
- သူဌေးသား ‘ဆိုပေမဲ့’ သူဌေးမဟုတ်ဘူးလေ။
- ငွေမရှိဘူး။ ‘သို့ပေမဲ့’ ရအောင်လှူမယ်။
- ပြောချင်ပေ ‘မဲ့’ မပြောဖြစ်သေးဘူး။
‘မည့်’ ကိုလဲ ‘မဲ့’ လို့ရေးရမယ်
နောက်ထပ်မှတ်စရာရှိပါတယ်။ စာရေးရင် ‘မည့်’
ဆိုတဲ့စကားလုံးသုံးကြတယ်။ ‘မည့်’ ကို စကား အနေနဲ့ဆိုရင်လဲ ‘မဲ့’ လို့ရေးရပါမယ်။ နားလည်အောင်
သာဓကပေးပါမယ်။
- ကျင်းပ ‘မည့်’အခမ်းအနား / ကျင်းပ ‘မဲ့’အခမ်းအနား
- ကျွေး ‘မည့်’ထမင်း / ကျွေး ‘မဲ့’ထမင်း
- ဆေးထိုး ‘မည့်’လူနာ / ဆေးထိုး ‘မဲ့’လူနာ
‘မဲ့’လို့ရေးမှ မှန်ကန်သဘာဝကျ
စာရေးရင်သုံးတဲ့ ‘သည်’ ဆိုတာ စကားပြောရင် ‘တယ်၊ တဲ့’ လို့ပြောင်းပါတယ်။ အဲ့လိုပါပဲ။ စာရေးရင်သုံးတဲ့ ‘မည်’ ဆိုတာလဲ စကားပြောရင် ‘မယ်၊ မဲ့’ လို့ပြောင်းပါတယ်။ ‘တယ့်’ လို့မရှိသလို ‘မယ့်’ လို့လဲ မရှိတာမို့ ‘မဲ့’ ဆိုတာသဘာဝကျလှပါတယ်။
ကောလိယ ဝေယံမောင်မောင်
၂၄.၉.၂၀၂၁
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ

Comments
Post a Comment