၆၊ ‘ခံ့ညား နှင့် ခန့်ညား’ လူအများလွဲကြသည်။

    ‘ထည်ဝါ၊ ခမ်းနား၊ ချောမော’ တာကို ‘ခန့်ညား’ လို့မှားရေးကြတယ်။ လူနာမည်ကိုလဲ ‘မောင်ခန့်ညား၊ ဦးခန့်ညား’ စသဖြင့် မှားကြတယ်။ သတ်ပုံအမှန်က ‘ခံ့ညား’ ပါ။ ‘ခံ့ညား၊ ခံ့ထည်၊ ကျန်းခံ့သာလို့မာပါစ’ စတာကို ‘သေးသေးတင်’ နဲ့ ရေးရတယ်။ 

    ‘နသတ်’ နဲ့ရေးတဲ့ ‘ခန့်ညား’ ကျတော့ အဓိပ္ပာယ်မတူတော့ဘူး။ ‘ကြောက်သည်။ ရွံ့သည်’ ကိုဆိုလိုတာ။ ဒီစကားလုံးကို ရှေးကပိုသုံးခဲ့ကြတယ်။ ‘နသတ်’ နဲ့ရေးရမဲ့ နောက်စကားလုံးတွေကတော့ ‘ကြောက်ရွံ့ခန့်ညား၊ ခန့်ခွဲ၊ ခန့်စာ၊ ခန့်မှန်း၊ ခန့်အပ်’ စတာတွေဖြစ်ပါတယ်။ ‘ခံ့ညားနဲ့ ခန့်ညား’ အသံထွက်တူပေမဲ့ အဓိပ္ပာယ်မတူကြဘူး။ မြန်မာစာမှာပါတဲ့ ‘သံတူကြောင်းကွဲ’ ဆိုတာ ဒါမျိုးကိုပြောတာဖြစ်ပါတယ်။ ‌

 

ကောလိယ ဝေယံမောင်မောင် 

#စကားနှင့်စာမှတ်စရာ 

#ကောလိယဝေယံမောင်မောင်

Comments