မိုးလေရှင်းသည့်
ဝါလကင်းလွတ်သီတင်းကျွတ်သည် နှစ်လအလီလီအနက် ထူးမြတ်လှသောလ ဖြစ်သည်။
ဗုဒ္ဓဘာသာ၏အနှစ်သာရ၊ ယဉ်ကျေးမှု၏ဘာသာဘာဝ၊ မြန်မာတို့၏ရာသီကာလတို့ ဖိုခနောက်
သဖွယ် ဆုံတည်သော ရတုသဘင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့က
သီတင်းကျွတ်ချိန်တွင် မြင့်မြတ်သော ရိုးရာအစဉ်အလာများကို
ကျင်းပပြုလုပ်ကြခြင်းပင် ဖြစ်သည်။
"သီတင်းကျွတ်ဟုခေါ်ဆိုခြင်း"
သီတင်းကျွတ်ခြင်း
အကြောင်းရင်းသည် ဗုဒ္ဓရှင်တော်မြတ်၏ ဗုဒ္ဓဝင်မှဆင်းသက်ဖြစ်တည်လာသည်။
သီတင်းကျွတ်၊ ဝါကျွတ် ဆိုသည်မှာ သံဃာတော်များ တစ်နေရာတည်း၌စုစည်း၍
သီတင်းသုံးသည့်ကာလ၊ ဝါဆိုသည့်ကာလ ပြီးကျွတ်ခြင်းဖြစ်သည်။
"သီတင်းကျွတ် ဟူသောစကားလုံးဇစ်မြစ်"
“သီတင်းကျွတ်လ”
ဟူသောစကားလုံးကို ရှေးက “သန်တူလ” ဟုခေါ်ဆိုခဲ့ကြောင်း ကျောက်စာ၊ မင်စာ
များက သက်သေညွှန်းနေသည်။ မဟာထီဘုရားကျောက်စာ၌ “သန္တူလဆုတ် (၇)ရက်၊
ကြာသပတိမ်နိယ် ” ဟု လည်းကောင်း၊ စာသင်ဂူဘုရားကျောက်စာ၌ “သကရာဇ် (၆၃၃)ခု၊
သန္တူလဆန်း(၅)ရက်” ဟုလည်းကောင်း၊ ဓမ္မရာဇ်ဘုရားမင်စာ၌ “သကရာဇ်(၅၅၈)ခု၊
အာသတ်နှင့် သန်တူလဆန်း” ဟုလည်းကောင်း ဖော်ပြထားသည်။
ထို့ပြင် ရှေးသရောက ဆေးကျမ်း၊ ဗေဒင်ကျမ်းများတွင်လည်း
သန်တူလဟုခေါ်ဆိုကြောင်း မှတ်သားရသည်။ ဝေါဟာရဖွင့်ဆိုမှုကျမ်းဖြစ်သော
ဝေါဟာနတ္တဒီပနီကျမ်းတွင် သန်တူလ၏ မိုးရာသီဝသန္တကို “သန်” ဟု ခေါ်ခဲ့သည်။
ထူပါရုံဘုရားကျောက်စာမှ “သန်လယ်” နှင့် “မုရင်းလယ်” ဟူသော
စကားလုံးများတွင်လည်း မိုးရာသီ၌စိုက်ပျိုးလုပ်ကိုင်သောလယ်ယာကို “သန်လယ်”၊
ဆောင်းရာသီ၌ စိုက်ပျိုးလုပ်ကိုင်သော လယ်ယာကို “မုရင်းလယ်”
ဟုယူဆသင့်ပုံကိုလည်း ဖော်ပြထားသည်။
နက္ခတ္တဗေဒအရ
သီတင်းကျွတ်လသည် ဆယ့်နှစ်လရာသီခွင်ဖြစ်သော မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊
သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် တို့အနက်
တူရာသီတွင်ကျရောက်သဖြင့် အသဝနီနက္ခနှင့် စန်းယှဉ်သည်။
"နတ်ပြည်တက်၍ အဘိဓမ္မာတရားတော်ဟောကြားခြင်း"
ဤဘဒ္ဒကမ္ဘာ၏
(၄)ဆူမြောက်ဘုရားရှင် ဂေါတမဗုဒ္ဓသည် မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် တွင်
ဘုရားအဖြစ်ရောက်ရှိခဲ့ပါသည်။ ဘုရားလောင်းငယ်ဘ၀
သိဒ္ဒတ္ထမင်းသားအားဖွားမြင်အပြီး မယ်တော် မာယာဒေဝီမိဘုရားခေါင်ကြီး
နတ်ရွာစံ၍ တာဝတိံသာနတ်ပြည်၌ သန္တုဿိတအမည်ဖြင့် နတ်သားသွားဖြစ် သည်။
မွေးသမိခင် မယ်တော်မာယာ၏ကျေးဇူးကိုဆပ်လိုသဖြင့် ဘုရားရှင်က ဘုရားဖြစ်ပြီး
(၇)ဝါမြောက်နှစ် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်တွင် တာဝတိံသာနတ်ပြည် တက်ရောက်ရန်
အကြံဖြစ်တော်မူသည်။
ဘုရားရှင်မိန့်ကြားချက်အရ သာဝတ္ထိပြည်အနီး၌ ကောလမင်း၏
ဥယျာဉ်မှူးကဏ္ဍ စိုက်ပျိုးခဲ့သော ဥယျာဉ်ရှိသည်။ ဘုရားရှင်က
ဝါဆိုလပြည့်ညနေချမ်းတွင် ထိုဥယျာဉ်တွင်းရှိ ကဏ္ဍမ္ဗသရက်ဖြူပင်ခြေရင်း၌
အယူလွဲတိတ္ထိတို့အား ရေမီးစုံတန်ခိုးပြာဋိဟာကို ပြသတော်မူသည်။ ထို့နောက်
တာဝတိံသာ နတ်ပြည်သို့ တက်တော်မူသည်။ ပရိသတ်တို့က
ဘုရားရှင်ကိုမမြင်တော့ကြောင်း အရှင်အနုဒ္ဓါမထေရ်အားမေး၍ မထေရ် ပြောပြမှသာ
အကြောင်းစုံသိရသည်။ ပရိသတ်များက ဘုရားမဖူးရဘဲမပြန်ဟုဆိုကာ ယာယီတဲများ
ထိုးနေကြလေသည်။
ဘုရားရှင်သည်
တာဝတိံသာနတ်ပြည်ရောက်လျှင် ပင်လယ်ကသစ်ပင်ခြေရင်းတွင်ခင်းထားသော
ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံးတော်မူသည်။ ထို့နောက်
မယ်တော်မိနတ်သားအမှူးပြုသော စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့အား
ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်း သုံးလပတ်လုံး
အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည်။
"တာဝတိံသာ၌သာ အဘိဓမ္မာဟောရခြင်းအကြောင်း"
အဘိဓမ္မာတရားတော်ကို
နတ်ပြည်၌ဟောကြားသည်မှာ အကြောင်းရင်းရှိသည်။ အဘိဓမ္မာတရား သည်
အလွန်ကျယ်ပြန့််လှ၍ လူသားတို့အနေဖြင့် အချိန်တိုတစ်ခုအတွင်းနာယူရန်
မဖြစ်နိုင်ပေ။ မျက်မှောက် ကာလသင်ယူနေကြသော
ခုနှစ်ကျမ်းသောအဘိဓမ္ဓာတရားတော်သည် စာမျက်နှာအားဖြင့် (၄၉၄၁)မျက်နှာ
ရှိသည်။
သာမန်လူတို့
စကား(၁)ခွန်းပြောချိန်တွင် ရှင်အာနန္ဒာက စကား(၈)ခွန်းပြောနိုင်သည်။
ရှင်အာနန္ဒာ စကား(၁)ခွန်းပြောချိန်တွင် ဘုရားရှင်က(၁၆)ခွန်း
မိန့်ကြားနိုင်သည်။ ထို့ကြောင့် သာမန်လူတို့ စကား(၁)ခွန်း ပြောချိန်တွင်
ဘုရားရှင်က စကားပေါင်း(၁၂၈)ခွန်း မိန့်ကြားနိုင်သည်။ လူတို့ဂါထာ(၁)ပုဒ်
ရွတ်ပြီးချိန်တွင် ဘုရားရှင်က ဂါထာပေါင်း(၁၂၈)ခု ရွတ်ဆိုတော်မူပြီးဖြစ်သည်။
ထိုသို့
စကားအခွန်းရေများစွာ မိန့်ကြားသော်လည်း ဘုရားရှင်အသံတော်သည် လူတိုင်း
သန့်ရှင်း သာယာကြည်လင်စွာကြားရသည့် အင်္ဂါရှစ်ပါးနှင့်
ပြည့်စုံသောအသံသာဖြစ်သည်။ စကားအခွန်းရေ မြန်စွာ မိန့်ကြားနိုင်သော
ဘုရားရှင်ပင်လျှင် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း(၉၀)၊ နာရီအားဖြင့် (၂၁၆၀)
နာရီ ဟောကြားခဲ့ရသည်။ ထို့ကြောင့် လူတို့နာယူရန် မလွယ်ကူသဖြင့်
နတ်ပြည်တက်၍ ဟောကြားခြင်းဖြစ်သည်။
"စိတ်ဝင်စားဖွယ် ဟောပုံဟောနည်း"
အဘိဓမ္မာတရားတော်သည်
အလွန်များပြားသဖြင့် ဘုရားရှင်က တောင်ကျရေတံခွန်မှ ရေများကျ သည့်နှယ်
အလျင်အမြန်ဟောကြားတော်မူသည်။ ဟောကြားစဉ် ဆွမ်းခံချိန်ရောက်လျှင် ဘုရားရှင်က
၎င်းနှင့် ပုံစံတူ နိမ္မိတရုပ်ပွားတော်ဖန်ဆင်း၍ ဆက်ဟောစေကာ လူ့ပြည်ရှိ
အနောတတ်ရေအိုင်သို့ ကြွတော်မူသည်။ ရုပ်ပွားတော်သည် သဗ္ဗုညုဘုရားနှင့်
ရောင်ခြည်ခြောက်သွယ်မှအစ တစ်ထပ်တည်းတူပြီး တန်ခိုးကြီးသော နတ်ဗြဟ္မာများသာ
ရုပ်ပွားတော်ထားရစ်မှန်း သိကြရသည်။
ဘုရားရှင်သည်
အနောတတ်ရေအိုင်တွင် ရေသပ္ပာယ်ပြီး မြောက်ကျွန်းသို့ဆွမ်းခံကြွသည်။
ထို့နောက် ရေအိုင်ပြန်လာ၍ ဆွမ်းဘုန်းပေးတော်မူသည်။ ဆွမ်းဘုန်းပေးပြီး
စန္ဒကူးတော၌ နေသန့််တော်မူစဉ် လက်ယာ တော်ရံ ရှင်သာရိပုတ္တရာ
လာရောက်ဝတ်ပြုသည်။ ဘုရားရှင်က သူပြီးလျှင် ပညာအရာအထက် မြက်ဆုံးဘွဲ့ ရရှိ
ထားသည့် ရှင်သာရိပုတ္တရာကို နတ်ပြည်၌ဟောကြားသော အဘိဓမ္မာဒေသနာတော်သည်
မည်သည့်နေရာထိ ဟောကြားပြီးကြောင်းပြောကာ ရှင်းလင်းဟောကြားသည်။
ရှင်သာရိပုတ္တရာသည်
ဘုရားရှင်စန္ဒကူးတောကြွလာတိုင်း အဘိဓမ္မာတရားကို အကျဉ်းနာကြားရုံနှင့်
အကျယ်တတ်မြောက်သွားသည်။ ရှင်သာရိပုတ္တရာက အတိတ်ဘဝ လင်းနို့ငယ်ဖြစ်စဉ်က
အဘိဓမ္မာဓာတ်ခံ ပါလာသော တပည့်ရဟန်းငါးရာကို ထပ်ဆင့်သင်ကြားသည်။
တပည့်ငါးရာလည်း ကဿပဘုရား လက်ထက်က ပါရမီပါကြသဖြင့် အဘိဓမ္မာ(၇)ကျမ်းကို
မရှေးမနှောင်း တတ်မြောက်ကြလေသည်။ ဘုရားရှင် အဘိဓမ္မာ ဟောကြားသဖြင့်
ကုဋေရှစ်သောင်းသောနတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်၍ မယ်တော်နတ်သား သန္တုဿိတလည်း
သောတပန်တည်သည်။
"ရက်အလိုက်ဟောသည့် အဘိဓမ္မာ(၇)ကျမ်း"
၁၊ ဓမ္မသင်္ဂဏီကျမ်း (ကုသိုလ်၊ အကုသိုလ် သဘောတရားအကြောင်းကျမ်း) - (၁၂) ရက်
၂၊ ဝိဘင်းကျမ်း (ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းဖြင့်မေးဖြေကျမ်း) - (၁၂) ရက်
၃၊ ဓာတုကထာကျမ်း (ဓာတ်အမျိုးမျိုးတို့အကြောင်းကျမ်း) - (၆) ရက်
၄၊ ပုဂ္ဂလပညတ်ကျမ်း (ပုဂ္ဂိုလ်အမျိုးမျိုးအားအမည်တပ်ဟောကြားသည့်ကျမ်း) - (၇) ရက်
၅၊ ကထာဝတ္ထုကျမ်း (အယူဝါဒနှင့်ဆိုင်သော၊ အဘိဓမ္မာအနှစ်သာရပြည့်စုံသောကျမ်း) - (၈) ရက်
၆၊ ယမိုက်ကျမ်း (အနုလုံ၊ ပဋိလုံ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံပြု၍ဟောသောကျမ်း) - ရက် (၂၀)
၇၊ ပဋ္ဌာန်းကျမ်း (အကြောင်းအကျိုး၊ ကုသိုလ်စသောတရားကိုဘုရားဉာဏ်ဖြင့်ကျက်စားသောကျမ်း) - (၂၅)ရက်
ဘုရားရှင်သည်
အဘိဓမ္မာဒေသနာတော်ကို မယ်တော်နှင့်နတ်ဗြဟ္မာတို့အား အကျယ်နည်း
(အတိဝိတ္ထာရဒေသနာ)၊ ရှင်သာရိပုတ္တရာအား အကျဉ်းနည်း (အတိသင်္ခေပဒေသနာ)၊
ရှင်သာရိပုတ္တရာမှ တပည့် ငါးရာတို့အား မကျဉ်းမကျယ်နည်း (နာတိ ဝိတ္ထာရ
နာတိသင်္ခေပ ဒေသနာ) ဖြင့် ဟောကြားခဲ့ပါသည်။
"နတ်ပြည်မှလူ့ပြည်သို့ဆင်း၍ သီတင်းကျွတ်ခြင်း"
ဂေါတမဘုရားရှင်သည်
အဘိဓမ္မာတရားဟောအပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်ပြန်ဆင်းမည် ဖြစ်သည်။
သီတင်းကျွတ်ခါနီး၌ ဘုရားရှင်ကိုပြန်အလာ တဲထိုးစောင့်နေကြသော ပရိသတ်များလည်း
ဘုရားရှင် သည် သင်္ကဿနဂိုရ်မြို့သို့ ဆင်းတော်မူမည်ကို ဘုရား၏လက်ဝဲတော်ရံ
အရှင်မဟာမောဂ္ဂလာန်ထံ မှတစ်ဆင့် သိ၍ ယင်းမြို့၌စောင့်နေကြသည်။
ဘုရားရှင်လူ့ပြည်ဆင်းရန် နတ်တို့သနင်း သိကြားမင်းက ဝိသကြုံနတ်သား အား
ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း ဟူသော
စောင်းတန်း(၃)သွယ် ဖန်ဆင်းစေသည်။ စောင်းတန်းတို့ထိပ်ဖျားသည်
မြင်းမိုရ်တောင်ထွဋ်၌တည်ရှိ၍ အခြေသည် လူတို့နေထိုင်ရာ သင်္ကဿနဂိုရ်ပြည်
တံခါးဝတွင် တည်ရှိသည်။
မြတ်စွာဘုရားသည်
အလယ်ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူသည်။ လက်ဝဲဘက် ရွှေစောင်း တန်းမှ
ကာမာဝစရနတ်(၆)မျိုးတို့ဆင်းပြီး၊ လက်ယာဘက် ငွေစောင်းတန်းမှ
သုဒ္ဓါဝါသဗြဟ္မာတို့နှင့် ဗြဟ္မာကြီး များဆင်းကြသည်။ သိကြားမင်းသည်
ဘုရားရှင်၏သပိတ်နှင့်သင်္ကန်းကိုယူ၍ လည်းကောင်း၊ မဟာဗြဟ္မာကြီး က
သုံးယူဇနာရှိထီးဖြူတော်မိုး၍လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သားက
စောင်းကိုကိုင်၍လည်းကောင်း မြတ်စွာ ဘုရားရှင်ကို ပူဇော်ရင်းဆင်းသည်။
ယင်းအချိန်တွင် စကြာဝဠာတစ်ခုလုံးသည် ပိတ်ပင်မှုမရှိ ဟင်းလင်းပွင့်ပြီး
အထက်အကနိဋ္ဌဘုံမှ အောက်အဝီစိတိုင် မော့ကြည့်၊ ငုံ့ကြည့်စရာမလိုဘဲ
တစ်ပြေးညီမြင်တွေ့ကြရသည်။ (၃၆) ယူဇနာအတွင်းမှ
ဘုရားရှင်ကိုဖူးမြင်ရသူအားလုံး ဘုရားဆုပန်ကြောင်း ဝိသုဒ္ဓိမဂ်တွင်
ဆိုထားသည်။
"ဘုရားရှင်သက်ဆင်းတော်မူ၍ မီးထွန်းပူဇော်ကြပုံ"
ဂေါတမဘုရားရှင်သည်
နတ်ဗြဟ္မာတို့ခြံရံလျက် နတ်ပြည်မှဆင်းလာသည်ကို မြင်တွေ့သူများသည်
ဘုရားရှင်ကို ဆီမီးများ၊ မီးရှုးတန်ဆောင်များဖြင့် ပူဇော်ကြသည်။
ထို့ကြောင့် ယနေ့ခေတ်တိုင် သီတင်းကျွတ် ချိန်ရောက်လျှင်
မီးမြင်းမိုရ်ထွန်း၍ ဘုရားရှင်အားပူဇော်ကြခြင်းဖြစ်သည်။
"ယခုတိုင်တည်ရှိသော ဘုရားရှင်လူ့ပြည်ဆင်းသည့်နေရာ"
ဘုရားရှင်
တာဝတိံသာနတ်ပြည်မှ လူ့ပြည်ဆင်းသည့်နေရာဖြစ်သော သင်္ကဿနဂိုရ်ပြည်မှာ ယနေ့
တိုင်အထင်အရှားရှိသေးသည်။ ယင်းနေရာသည် အိန္ဒိယနိုင်ငံ၊
ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ Kanpur တွင်တည်ရှိ သည်။ ယခုအခါ အသောက ခေါ်
သီရိဓမ္မာသောကမင်းကြီးစိုက်ထူးခဲ့သော မိခင်ကျေးဇူးဆပ် အထိမ်းအမှတ်
ကျောက်စာတိုင်ကို အထင်အရှားတွေ့မြင်နိုင်သည်။
"ရဟန်းများအတွက် ပဝါရဏာနေ့"
သီတင်းကျွတ်လပြည့်တွင်
မီးထွန်းပွဲကိုလူသိများသော်လည်း ရဟန်းတော်များအတွက် ပဝါရဏာပွဲ ရှိသည်ကို
လူသိနည်းသည်။ ပါဠိစကားလုံး “ပဝါရဏာ” ဆိုသည်မှာ
“ဖိတ်ကြားခြင်း”ဟုအဓိပ္ပာယ်ရသည်။ ရဟန်းအချင်းချင်း တစ်ဦးအပြစ်တစ်ဦး
ဖွင့်ဟဆုံးမရန်ဖိတ်ကြားခြင်းဖြစ်သည်။ ပဝါရဏာနေ့ ဖြစ်ရခြင်း
အကြောင်းရင်းရှိသည်။ တစ်ရံရောအခါ ဘုရားရှင်သည် သာဝတ္ထိမြို့၊
ဇေတဝန်ကျောင်းတော်၌ဝါကပ်သည်။ ရဟန်းတော်များက ကျောင်းတစ်ကျောင်းတွင်
အတူတကွနေထိုင်၍ ဝါကပ်ကြသည်။ ရဟန်းတို့က အချင်းချင်းညီညွန်မှု၊
ငြင်းခုန်ခြင်းမရှိမှု၊ ချမ်းသာစွာနေထိုင်နိုင်မှု ဟူသောမူများဖြင့်
ဝါကပ်ရန် သဘောတူညီ ကြသည်။
ဆုံးဖြတ်ချက်အရ
“ဝစီပိတ်၍အချင်းချင်းစကားမဆိုရ၊ ဆွမ်းခံအစောဆုံးပြန်ရောက်သည့် ရဟန်းသည်
ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ်အိုးခြမ်း ပြင်ထားရမည်။
ဆွမ်းစားနေရာခင်းရမည်။ ပန်းကန် ခွက်ယောက်များဆေးရမည်။
နေရာထိုင်ခင်းသိမ်းရမည်။ သောက်ရေအိုးများ စနစ်တကျထားရမည်။ ဆွမ်းစားကျောင်း
တံမြက်လှည်းရမည်။ သောက်ရေသုံးရေမရှိသည်မြင်လျှင် ဖြည့်ရမည်။ တစ်ပါးတည်း
မနိုင် လျှင် တစ်ခြားတစ်ပါးကို လက်ဟန်ဖြင့် အကူအညီတောင်းရမည်။
မည်သည့်နည်းဖြင့်မျှ စကားမပြောရ။” ဟူသော စည်းကမ်းများချမှတ်သည်။
ဝါကျွတ်၍ဘုရားဖူးလာကြစဉ်
ဘုရားရှင်က ရဟန်းများချမ်းသာစွာနေရခြင်းရှိမရှိ၊ ခိုက်ရန်ဖြစ်ပွားခြင်း
ရှိမရှိမေးရာ ချမ်းသာစွာနေရကြောင်း ဖြေကြသည်။ ထိုအခါ ဘုရားရှင်က
ချမ်းသာစွာနေရခြင်းမရှိဘဲ ချမ်းသာ စွာနေရသည်ဟုဆိုသည့်အပေါ်
ရှုံ့ချတော်မူပြီး ဝစီပိတ်အကျင့်သည် တောတိရစ္ဆာန်များ၊ သိုးများနေထိုင်နည်း
သာဖြစ်ပုံ၊ ရန်သူချင်းကဲ့သို့ မခေါ်မပြောနေခြင်းသာဖြစ်ပုံ မိန့်ကြားသည်။
ရဟန်းတို့လုပ်ရပ်သည် သာသနာ မကြည်ညိုသူများကြည်ညိုလာရန်၊ ကြည်ညိုသူများ
ပိုကြည်ညိုရန်မဖြစ်နိုင်ကြောင်းဆုံးမ၍ “သာသနာ့ပြင်ပ
တိတ္ထိများ၏ကျင့်စဉ်ဖြစ်သော လူအတို့၏အကျင့်၊ ဝစီပိတ်ကျင့်လျှင်
ဒုက္ကဋ်အာပတ်သင့်စေ” ဟု ပညတ်တော်မူခဲ့သည်။
ဘုရားရှင်က
သိက္ခာပုဒ်ပညတ်သည်မှစ၍ ဝါကျွတ်ပြီးချိန်တွင် ရဟန်းတော်အချင်းချင်း
အပြစ်များ မြင်တွေ့က ရေငုံနှုတ်ပိတ်မနေဘဲ ဖွင့်ဟပြောကြားပြီး
အပြန်အလှန်ဆုံးမရန်မှာကြားခဲ့သည်ကို လိုက်နာသည့် ပဝါရဏာပွဲ
ကျင်းပကြခြင်းဖြစ်သည်။ ပဝါရဏာလုပ်ရန် သိမ်အတွင်း၌ ရဟန်းတစ်ပါးမှ
ဦးဆောင်အသိပေးပြီး သော် အကြီးဆုံးရဟန်းက ဆောင့်ကြောင့်ထိုင်လက်အုပ်ချီ၍
အားလုံးကြားအောင် ဖိတ်လျှောက်ရသည်။ မြင်၊ ကြား၊ သံသယတစ်ခုခုဖြင့်
အပြစ်မြင်ကဆုံးမရန်၊ အပြစ်ရှိလျှင်ကုစားပါမည်ဟု ကြီးစဉ်ငယ်လိုက် လျှောက်ထား
ပြီး အချင်းချင်းပြုပြင်ထိန်းသိမ်းကြသည်။ လူ့အဖွဲ့အစည်းတွင်လည်း
ရဟန်းများကဲ့သို့ မိမိလိုအပ်ချက်ကို ပြင်နိုင်ရန်
အချင်းချင်းအဖြေရှာသင့်ကြောင်း ပညာရှင်များအကြံပြုကြသည်။
"ကထိန်သင်္ကန်းအစောဆုံးကပ်နိုင်သည့်နေ့"
ဘုရားရှင်က
ဝါတွင်းသုံးလလုံး ဝါကပ်တော်မူခဲ့ကြသော ရဟန်းတော်များကို
ဝါဆိုလပြည့်ကျော်(၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ
ကထိန်သင်္ကန်းခံယူခွင့်ပြုခဲ့သည်။ ထို့ကြောင့် အလှူ ရှင်များသည်
သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း ကာလဒါနအဖြစ်
ကထိန်သင်္ကန်းကပ်လှူခွင့်ရှိသည်။ ယင်းကာလတွင်း၌ သီတင်းကျွတ်လပြည့်သည်
ကထိန်သင်္ကန်းကို အစောဆုံးကပ်လှူနိုင်သည့်နေ့ဖြစ်သည်။
"ဝါကျွတ်၊ သီတင်းကျွတ် ကန်တော့ပွဲ"
ဂေါတမဘုရားရှင်က
မွေးမိခင် မာယာဒေဝီကို ကျေးဇူးဆပ်သည့်အနေဖြင့် ဝါတွင်း၌ အဘိဓမ္မာတရား
ဟောကြားခဲ့ပြီး သီတင်းကျွတ်တွင် ပြီးစီးသည်ကိုစံထားကာ အနန္တဂိုဏ်းဝင်များ၊
ဘိုးဘွားများ၊ သက်ကြီးဝါကြီး များကို ပူဇော်ကြသည်။
သီတင်းကျွတ်လ၊
ဝါကျွတ်ကာလသည် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်လတစ်လ ဖြစ် သည်။
ယနေ့ခေတ်ကဲ့သို့ အစွန်းရောက်အယူဝါဒများ
ကမ္ဘာ့အနှံ့အကြမ်းဖက်ပျံ့နှံ့နေချိန်တွင် ငြိမ်းချမ်းမှုနှင့်
ကောင်းမှုများကိုသာဦးတည်သော ဗုဒ္ဓဘာသာအနှစ်သာရများအား
ပိုမိုထိန်းသိမ်းရန်လိုအပ်သည်။ ထို့ကြောင့် ဘုရားရှင်အစတည်ခဲ့သော
လူကြီးမိဘကျေးဇူးတုံ့ပြန်ခြင်း၊ တရားတော်များအချင်းချင်းဝေမျှခြင်း၊
စည်းကမ်းရှိ သောစနစ်ဖြင့်ကျင့်သုံးနေထိုင်ခြင်း၊
ရိုးရာယဉ်ကျေးမှုများထိန်းသိမ်းခြင်း တို့ဆုံတည်ရာ သီတင်းကျွတ်ကာလ တွင်
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇ အောက်တိုဘာလ
မိုးလေရှင်းသည့် ဝါလကင်းလွတ်သီတင်းကျွတ်သည် နှစ်လအလီလီအနက် ထူးမြတ်လှသောလ ဖြစ်သည်။ ဗုဒ္ဓဘာသာ၏အနှစ်သာရ၊ ယဉ်ကျေးမှု၏ဘာသာဘာဝ၊ မြန်မာတို့၏ရာသီကာလတို့ ဖိုခနောက် သဖွယ် ဆုံတည်သော ရတုသဘင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင့်မြတ်သော ရိုးရာအစဉ်အလာများကို ကျင်းပပြုလုပ်ကြခြင်းပင် ဖြစ်သည်။
"သီတင်းကျွတ်ဟုခေါ်ဆိုခြင်း"
သီတင်းကျွတ်ခြင်း အကြောင်းရင်းသည် ဗုဒ္ဓရှင်တော်မြတ်၏ ဗုဒ္ဓဝင်မှဆင်းသက်ဖြစ်တည်လာသည်။ သီတင်းကျွတ်၊ ဝါကျွတ် ဆိုသည်မှာ သံဃာတော်များ တစ်နေရာတည်း၌စုစည်း၍ သီတင်းသုံးသည့်ကာလ၊ ဝါဆိုသည့်ကာလ ပြီးကျွတ်ခြင်းဖြစ်သည်။
"သီတင်းကျွတ် ဟူသောစကားလုံးဇစ်မြစ်"
“သီတင်းကျွတ်လ” ဟူသောစကားလုံးကို ရှေးက “သန်တူလ” ဟုခေါ်ဆိုခဲ့ကြောင်း ကျောက်စာ၊ မင်စာ များက သက်သေညွှန်းနေသည်။ မဟာထီဘုရားကျောက်စာ၌ “သန္တူလဆုတ် (၇)ရက်၊ ကြာသပတိမ်နိယ် ” ဟု လည်းကောင်း၊ စာသင်ဂူဘုရားကျောက်စာ၌ “သကရာဇ် (၆၃၃)ခု၊ သန္တူလဆန်း(၅)ရက်” ဟုလည်းကောင်း၊ ဓမ္မရာဇ်ဘုရားမင်စာ၌ “သကရာဇ်(၅၅၈)ခု၊ အာသတ်နှင့် သန်တူလဆန်း” ဟုလည်းကောင်း ဖော်ပြထားသည်။
ထို့ပြင် ရှေးသရောက ဆေးကျမ်း၊ ဗေဒင်ကျမ်းများတွင်လည်း သန်တူလဟုခေါ်ဆိုကြောင်း မှတ်သားရသည်။ ဝေါဟာရဖွင့်ဆိုမှုကျမ်းဖြစ်သော ဝေါဟာနတ္တဒီပနီကျမ်းတွင် သန်တူလ၏ မိုးရာသီဝသန္တကို “သန်” ဟု ခေါ်ခဲ့သည်။ ထူပါရုံဘုရားကျောက်စာမှ “သန်လယ်” နှင့် “မုရင်းလယ်” ဟူသော စကားလုံးများတွင်လည်း မိုးရာသီ၌စိုက်ပျိုးလုပ်ကိုင်သောလယ်ယာကို “သန်လယ်”၊ ဆောင်းရာသီ၌ စိုက်ပျိုးလုပ်ကိုင်သော လယ်ယာကို “မုရင်းလယ်” ဟုယူဆသင့်ပုံကိုလည်း ဖော်ပြထားသည်။
နက္ခတ္တဗေဒအရ သီတင်းကျွတ်လသည် ဆယ့်နှစ်လရာသီခွင်ဖြစ်သော မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် တို့အနက် တူရာသီတွင်ကျရောက်သဖြင့် အသဝနီနက္ခနှင့် စန်းယှဉ်သည်။
"နတ်ပြည်တက်၍ အဘိဓမ္မာတရားတော်ဟောကြားခြင်း"
ဤဘဒ္ဒကမ္ဘာ၏ (၄)ဆူမြောက်ဘုရားရှင် ဂေါတမဗုဒ္ဓသည် မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် တွင် ဘုရားအဖြစ်ရောက်ရှိခဲ့ပါသည်။ ဘုရားလောင်းငယ်ဘ၀ သိဒ္ဒတ္ထမင်းသားအားဖွားမြင်အပြီး မယ်တော် မာယာဒေဝီမိဘုရားခေါင်ကြီး နတ်ရွာစံ၍ တာဝတိံသာနတ်ပြည်၌ သန္တုဿိတအမည်ဖြင့် နတ်သားသွားဖြစ် သည်။ မွေးသမိခင် မယ်တော်မာယာ၏ကျေးဇူးကိုဆပ်လိုသဖြင့် ဘုရားရှင်က ဘုရားဖြစ်ပြီး (၇)ဝါမြောက်နှစ် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်တွင် တာဝတိံသာနတ်ပြည် တက်ရောက်ရန် အကြံဖြစ်တော်မူသည်။
ဘုရားရှင်မိန့်ကြားချက်အရ သာဝတ္ထိပြည်အနီး၌ ကောလမင်း၏ ဥယျာဉ်မှူးကဏ္ဍ စိုက်ပျိုးခဲ့သော ဥယျာဉ်ရှိသည်။ ဘုရားရှင်က ဝါဆိုလပြည့်ညနေချမ်းတွင် ထိုဥယျာဉ်တွင်းရှိ ကဏ္ဍမ္ဗသရက်ဖြူပင်ခြေရင်း၌ အယူလွဲတိတ္ထိတို့အား ရေမီးစုံတန်ခိုးပြာဋိဟာကို ပြသတော်မူသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ တက်တော်မူသည်။ ပရိသတ်တို့က ဘုရားရှင်ကိုမမြင်တော့ကြောင်း အရှင်အနုဒ္ဓါမထေရ်အားမေး၍ မထေရ် ပြောပြမှသာ အကြောင်းစုံသိရသည်။ ပရိသတ်များက ဘုရားမဖူးရဘဲမပြန်ဟုဆိုကာ ယာယီတဲများ ထိုးနေကြလေသည်။
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ရောက်လျှင် ပင်လယ်ကသစ်ပင်ခြေရင်းတွင်ခင်းထားသော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံးတော်မူသည်။ ထို့နောက် မယ်တော်မိနတ်သားအမှူးပြုသော စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့အား ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည်။
"တာဝတိံသာ၌သာ အဘိဓမ္မာဟောရခြင်းအကြောင်း"
အဘိဓမ္မာတရားတော်ကို နတ်ပြည်၌ဟောကြားသည်မှာ အကြောင်းရင်းရှိသည်။ အဘိဓမ္မာတရား သည် အလွန်ကျယ်ပြန့််လှ၍ လူသားတို့အနေဖြင့် အချိန်တိုတစ်ခုအတွင်းနာယူရန် မဖြစ်နိုင်ပေ။ မျက်မှောက် ကာလသင်ယူနေကြသော ခုနှစ်ကျမ်းသောအဘိဓမ္ဓာတရားတော်သည် စာမျက်နှာအားဖြင့် (၄၉၄၁)မျက်နှာ ရှိသည်။
သာမန်လူတို့ စကား(၁)ခွန်းပြောချိန်တွင် ရှင်အာနန္ဒာက စကား(၈)ခွန်းပြောနိုင်သည်။ ရှင်အာနန္ဒာ စကား(၁)ခွန်းပြောချိန်တွင် ဘုရားရှင်က(၁၆)ခွန်း မိန့်ကြားနိုင်သည်။ ထို့ကြောင့် သာမန်လူတို့ စကား(၁)ခွန်း ပြောချိန်တွင် ဘုရားရှင်က စကားပေါင်း(၁၂၈)ခွန်း မိန့်ကြားနိုင်သည်။ လူတို့ဂါထာ(၁)ပုဒ် ရွတ်ပြီးချိန်တွင် ဘုရားရှင်က ဂါထာပေါင်း(၁၂၈)ခု ရွတ်ဆိုတော်မူပြီးဖြစ်သည်။
ထိုသို့ စကားအခွန်းရေများစွာ မိန့်ကြားသော်လည်း ဘုရားရှင်အသံတော်သည် လူတိုင်း သန့်ရှင်း သာယာကြည်လင်စွာကြားရသည့် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောအသံသာဖြစ်သည်။ စကားအခွန်းရေ မြန်စွာ မိန့်ကြားနိုင်သော ဘုရားရှင်ပင်လျှင် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း(၉၀)၊ နာရီအားဖြင့် (၂၁၆၀) နာရီ ဟောကြားခဲ့ရသည်။ ထို့ကြောင့် လူတို့နာယူရန် မလွယ်ကူသဖြင့် နတ်ပြည်တက်၍ ဟောကြားခြင်းဖြစ်သည်။
"စိတ်ဝင်စားဖွယ် ဟောပုံဟောနည်း"
အဘိဓမ္မာတရားတော်သည် အလွန်များပြားသဖြင့် ဘုရားရှင်က တောင်ကျရေတံခွန်မှ ရေများကျ သည့်နှယ် အလျင်အမြန်ဟောကြားတော်မူသည်။ ဟောကြားစဉ် ဆွမ်းခံချိန်ရောက်လျှင် ဘုရားရှင်က ၎င်းနှင့် ပုံစံတူ နိမ္မိတရုပ်ပွားတော်ဖန်ဆင်း၍ ဆက်ဟောစေကာ လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူသည်။ ရုပ်ပွားတော်သည် သဗ္ဗုညုဘုရားနှင့် ရောင်ခြည်ခြောက်သွယ်မှအစ တစ်ထပ်တည်းတူပြီး တန်ခိုးကြီးသော နတ်ဗြဟ္မာများသာ ရုပ်ပွားတော်ထားရစ်မှန်း သိကြရသည်။
ဘုရားရှင်သည် အနောတတ်ရေအိုင်တွင် ရေသပ္ပာယ်ပြီး မြောက်ကျွန်းသို့ဆွမ်းခံကြွသည်။ ထို့နောက် ရေအိုင်ပြန်လာ၍ ဆွမ်းဘုန်းပေးတော်မူသည်။ ဆွမ်းဘုန်းပေးပြီး စန္ဒကူးတော၌ နေသန့််တော်မူစဉ် လက်ယာ တော်ရံ ရှင်သာရိပုတ္တရာ လာရောက်ဝတ်ပြုသည်။ ဘုရားရှင်က သူပြီးလျှင် ပညာအရာအထက် မြက်ဆုံးဘွဲ့ ရရှိ ထားသည့် ရှင်သာရိပုတ္တရာကို နတ်ပြည်၌ဟောကြားသော အဘိဓမ္မာဒေသနာတော်သည် မည်သည့်နေရာထိ ဟောကြားပြီးကြောင်းပြောကာ ရှင်းလင်းဟောကြားသည်။
ရှင်သာရိပုတ္တရာသည် ဘုရားရှင်စန္ဒကူးတောကြွလာတိုင်း အဘိဓမ္မာတရားကို အကျဉ်းနာကြားရုံနှင့် အကျယ်တတ်မြောက်သွားသည်။ ရှင်သာရိပုတ္တရာက အတိတ်ဘဝ လင်းနို့ငယ်ဖြစ်စဉ်က အဘိဓမ္မာဓာတ်ခံ ပါလာသော တပည့်ရဟန်းငါးရာကို ထပ်ဆင့်သင်ကြားသည်။ တပည့်ငါးရာလည်း ကဿပဘုရား လက်ထက်က ပါရမီပါကြသဖြင့် အဘိဓမ္မာ(၇)ကျမ်းကို မရှေးမနှောင်း တတ်မြောက်ကြလေသည်။ ဘုရားရှင် အဘိဓမ္မာ ဟောကြားသဖြင့် ကုဋေရှစ်သောင်းသောနတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်၍ မယ်တော်နတ်သား သန္တုဿိတလည်း သောတပန်တည်သည်။
"ရက်အလိုက်ဟောသည့် အဘိဓမ္မာ(၇)ကျမ်း"
၁၊ ဓမ္မသင်္ဂဏီကျမ်း (ကုသိုလ်၊ အကုသိုလ် သဘောတရားအကြောင်းကျမ်း) - (၁၂) ရက်
၂၊ ဝိဘင်းကျမ်း (ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းဖြင့်မေးဖြေကျမ်း) - (၁၂) ရက်
၃၊ ဓာတုကထာကျမ်း (ဓာတ်အမျိုးမျိုးတို့အကြောင်းကျမ်း) - (၆) ရက်
၄၊ ပုဂ္ဂလပညတ်ကျမ်း (ပုဂ္ဂိုလ်အမျိုးမျိုးအားအမည်တပ်ဟောကြားသည့်ကျမ်း) - (၇) ရက်
၅၊ ကထာဝတ္ထုကျမ်း (အယူဝါဒနှင့်ဆိုင်သော၊ အဘိဓမ္မာအနှစ်သာရပြည့်စုံသောကျမ်း) - (၈) ရက်
၆၊ ယမိုက်ကျမ်း (အနုလုံ၊ ပဋိလုံ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံပြု၍ဟောသောကျမ်း) - ရက် (၂၀)
၇၊ ပဋ္ဌာန်းကျမ်း (အကြောင်းအကျိုး၊ ကုသိုလ်စသောတရားကိုဘုရားဉာဏ်ဖြင့်ကျက်စားသောကျမ်း) - (၂၅)ရက်
ဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို မယ်တော်နှင့်နတ်ဗြဟ္မာတို့အား အကျယ်နည်း (အတိဝိတ္ထာရဒေသနာ)၊ ရှင်သာရိပုတ္တရာအား အကျဉ်းနည်း (အတိသင်္ခေပဒေသနာ)၊ ရှင်သာရိပုတ္တရာမှ တပည့် ငါးရာတို့အား မကျဉ်းမကျယ်နည်း (နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ) ဖြင့် ဟောကြားခဲ့ပါသည်။
"နတ်ပြည်မှလူ့ပြည်သို့ဆင်း၍ သီတင်းကျွတ်ခြင်း"
ဂေါတမဘုရားရှင်သည် အဘိဓမ္မာတရားဟောအပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်ပြန်ဆင်းမည် ဖြစ်သည်။ သီတင်းကျွတ်ခါနီး၌ ဘုရားရှင်ကိုပြန်အလာ တဲထိုးစောင့်နေကြသော ပရိသတ်များလည်း ဘုရားရှင် သည် သင်္ကဿနဂိုရ်မြို့သို့ ဆင်းတော်မူမည်ကို ဘုရား၏လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်ထံ မှတစ်ဆင့် သိ၍ ယင်းမြို့၌စောင့်နေကြသည်။ ဘုရားရှင်လူ့ပြည်ဆင်းရန် နတ်တို့သနင်း သိကြားမင်းက ဝိသကြုံနတ်သား အား ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း ဟူသော စောင်းတန်း(၃)သွယ် ဖန်ဆင်းစေသည်။ စောင်းတန်းတို့ထိပ်ဖျားသည် မြင်းမိုရ်တောင်ထွဋ်၌တည်ရှိ၍ အခြေသည် လူတို့နေထိုင်ရာ သင်္ကဿနဂိုရ်ပြည် တံခါးဝတွင် တည်ရှိသည်။
မြတ်စွာဘုရားသည် အလယ်ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူသည်။ လက်ဝဲဘက် ရွှေစောင်း တန်းမှ ကာမာဝစရနတ်(၆)မျိုးတို့ဆင်းပြီး၊ လက်ယာဘက် ငွေစောင်းတန်းမှ သုဒ္ဓါဝါသဗြဟ္မာတို့နှင့် ဗြဟ္မာကြီး များဆင်းကြသည်။ သိကြားမင်းသည် ဘုရားရှင်၏သပိတ်နှင့်သင်္ကန်းကိုယူ၍ လည်းကောင်း၊ မဟာဗြဟ္မာကြီး က သုံးယူဇနာရှိထီးဖြူတော်မိုး၍လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သားက စောင်းကိုကိုင်၍လည်းကောင်း မြတ်စွာ ဘုရားရှင်ကို ပူဇော်ရင်းဆင်းသည်။ ယင်းအချိန်တွင် စကြာဝဠာတစ်ခုလုံးသည် ပိတ်ပင်မှုမရှိ ဟင်းလင်းပွင့်ပြီး အထက်အကနိဋ္ဌဘုံမှ အောက်အဝီစိတိုင် မော့ကြည့်၊ ငုံ့ကြည့်စရာမလိုဘဲ တစ်ပြေးညီမြင်တွေ့ကြရသည်။ (၃၆) ယူဇနာအတွင်းမှ ဘုရားရှင်ကိုဖူးမြင်ရသူအားလုံး ဘုရားဆုပန်ကြောင်း ဝိသုဒ္ဓိမဂ်တွင် ဆိုထားသည်။
"ဘုရားရှင်သက်ဆင်းတော်မူ၍ မီးထွန်းပူဇော်ကြပုံ"
ဂေါတမဘုရားရှင်သည် နတ်ဗြဟ္မာတို့ခြံရံလျက် နတ်ပြည်မှဆင်းလာသည်ကို မြင်တွေ့သူများသည် ဘုရားရှင်ကို ဆီမီးများ၊ မီးရှုးတန်ဆောင်များဖြင့် ပူဇော်ကြသည်။ ထို့ကြောင့် ယနေ့ခေတ်တိုင် သီတင်းကျွတ် ချိန်ရောက်လျှင် မီးမြင်းမိုရ်ထွန်း၍ ဘုရားရှင်အားပူဇော်ကြခြင်းဖြစ်သည်။
"ယခုတိုင်တည်ရှိသော ဘုရားရှင်လူ့ပြည်ဆင်းသည့်နေရာ"
ဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်ဆင်းသည့်နေရာဖြစ်သော သင်္ကဿနဂိုရ်ပြည်မှာ ယနေ့ တိုင်အထင်အရှားရှိသေးသည်။ ယင်းနေရာသည် အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ Kanpur တွင်တည်ရှိ သည်။ ယခုအခါ အသောက ခေါ် သီရိဓမ္မာသောကမင်းကြီးစိုက်ထူးခဲ့သော မိခင်ကျေးဇူးဆပ် အထိမ်းအမှတ် ကျောက်စာတိုင်ကို အထင်အရှားတွေ့မြင်နိုင်သည်။
"ရဟန်းများအတွက် ပဝါရဏာနေ့"
သီတင်းကျွတ်လပြည့်တွင် မီးထွန်းပွဲကိုလူသိများသော်လည်း ရဟန်းတော်များအတွက် ပဝါရဏာပွဲ ရှိသည်ကို လူသိနည်းသည်။ ပါဠိစကားလုံး “ပဝါရဏာ” ဆိုသည်မှာ “ဖိတ်ကြားခြင်း”ဟုအဓိပ္ပာယ်ရသည်။ ရဟန်းအချင်းချင်း တစ်ဦးအပြစ်တစ်ဦး ဖွင့်ဟဆုံးမရန်ဖိတ်ကြားခြင်းဖြစ်သည်။ ပဝါရဏာနေ့ ဖြစ်ရခြင်း အကြောင်းရင်းရှိသည်။ တစ်ရံရောအခါ ဘုရားရှင်သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၌ဝါကပ်သည်။ ရဟန်းတော်များက ကျောင်းတစ်ကျောင်းတွင် အတူတကွနေထိုင်၍ ဝါကပ်ကြသည်။ ရဟန်းတို့က အချင်းချင်းညီညွန်မှု၊ ငြင်းခုန်ခြင်းမရှိမှု၊ ချမ်းသာစွာနေထိုင်နိုင်မှု ဟူသောမူများဖြင့် ဝါကပ်ရန် သဘောတူညီ ကြသည်။
ဆုံးဖြတ်ချက်အရ “ဝစီပိတ်၍အချင်းချင်းစကားမဆိုရ၊ ဆွမ်းခံအစောဆုံးပြန်ရောက်သည့် ရဟန်းသည် ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ်အိုးခြမ်း ပြင်ထားရမည်။ ဆွမ်းစားနေရာခင်းရမည်။ ပန်းကန် ခွက်ယောက်များဆေးရမည်။ နေရာထိုင်ခင်းသိမ်းရမည်။ သောက်ရေအိုးများ စနစ်တကျထားရမည်။ ဆွမ်းစားကျောင်း တံမြက်လှည်းရမည်။ သောက်ရေသုံးရေမရှိသည်မြင်လျှင် ဖြည့်ရမည်။ တစ်ပါးတည်း မနိုင် လျှင် တစ်ခြားတစ်ပါးကို လက်ဟန်ဖြင့် အကူအညီတောင်းရမည်။ မည်သည့်နည်းဖြင့်မျှ စကားမပြောရ။” ဟူသော စည်းကမ်းများချမှတ်သည်။
ဝါကျွတ်၍ဘုရားဖူးလာကြစဉ် ဘုရားရှင်က ရဟန်းများချမ်းသာစွာနေရခြင်းရှိမရှိ၊ ခိုက်ရန်ဖြစ်ပွားခြင်း ရှိမရှိမေးရာ ချမ်းသာစွာနေရကြောင်း ဖြေကြသည်။ ထိုအခါ ဘုရားရှင်က ချမ်းသာစွာနေရခြင်းမရှိဘဲ ချမ်းသာ စွာနေရသည်ဟုဆိုသည့်အပေါ် ရှုံ့ချတော်မူပြီး ဝစီပိတ်အကျင့်သည် တောတိရစ္ဆာန်များ၊ သိုးများနေထိုင်နည်း သာဖြစ်ပုံ၊ ရန်သူချင်းကဲ့သို့ မခေါ်မပြောနေခြင်းသာဖြစ်ပုံ မိန့်ကြားသည်။ ရဟန်းတို့လုပ်ရပ်သည် သာသနာ မကြည်ညိုသူများကြည်ညိုလာရန်၊ ကြည်ညိုသူများ ပိုကြည်ညိုရန်မဖြစ်နိုင်ကြောင်းဆုံးမ၍ “သာသနာ့ပြင်ပ တိတ္ထိများ၏ကျင့်စဉ်ဖြစ်သော လူအတို့၏အကျင့်၊ ဝစီပိတ်ကျင့်လျှင် ဒုက္ကဋ်အာပတ်သင့်စေ” ဟု ပညတ်တော်မူခဲ့သည်။
ဘုရားရှင်က သိက္ခာပုဒ်ပညတ်သည်မှစ၍ ဝါကျွတ်ပြီးချိန်တွင် ရဟန်းတော်အချင်းချင်း အပြစ်များ မြင်တွေ့က ရေငုံနှုတ်ပိတ်မနေဘဲ ဖွင့်ဟပြောကြားပြီး အပြန်အလှန်ဆုံးမရန်မှာကြားခဲ့သည်ကို လိုက်နာသည့် ပဝါရဏာပွဲ ကျင်းပကြခြင်းဖြစ်သည်။ ပဝါရဏာလုပ်ရန် သိမ်အတွင်း၌ ရဟန်းတစ်ပါးမှ ဦးဆောင်အသိပေးပြီး သော် အကြီးဆုံးရဟန်းက ဆောင့်ကြောင့်ထိုင်လက်အုပ်ချီ၍ အားလုံးကြားအောင် ဖိတ်လျှောက်ရသည်။ မြင်၊ ကြား၊ သံသယတစ်ခုခုဖြင့် အပြစ်မြင်ကဆုံးမရန်၊ အပြစ်ရှိလျှင်ကုစားပါမည်ဟု ကြီးစဉ်ငယ်လိုက် လျှောက်ထား ပြီး အချင်းချင်းပြုပြင်ထိန်းသိမ်းကြသည်။ လူ့အဖွဲ့အစည်းတွင်လည်း ရဟန်းများကဲ့သို့ မိမိလိုအပ်ချက်ကို ပြင်နိုင်ရန် အချင်းချင်းအဖြေရှာသင့်ကြောင်း ပညာရှင်များအကြံပြုကြသည်။
"ကထိန်သင်္ကန်းအစောဆုံးကပ်နိုင်သည့်နေ့"
ဘုရားရှင်က ဝါတွင်းသုံးလလုံး ဝါကပ်တော်မူခဲ့ကြသော ရဟန်းတော်များကို ဝါဆိုလပြည့်ကျော်(၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ ကထိန်သင်္ကန်းခံယူခွင့်ပြုခဲ့သည်။ ထို့ကြောင့် အလှူ ရှင်များသည် သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း ကာလဒါနအဖြစ် ကထိန်သင်္ကန်းကပ်လှူခွင့်ရှိသည်။ ယင်းကာလတွင်း၌ သီတင်းကျွတ်လပြည့်သည် ကထိန်သင်္ကန်းကို အစောဆုံးကပ်လှူနိုင်သည့်နေ့ဖြစ်သည်။
"ဝါကျွတ်၊ သီတင်းကျွတ် ကန်တော့ပွဲ"
ဂေါတမဘုရားရှင်က မွေးမိခင် မာယာဒေဝီကို ကျေးဇူးဆပ်သည့်အနေဖြင့် ဝါတွင်း၌ အဘိဓမ္မာတရား ဟောကြားခဲ့ပြီး သီတင်းကျွတ်တွင် ပြီးစီးသည်ကိုစံထားကာ အနန္တဂိုဏ်းဝင်များ၊ ဘိုးဘွားများ၊ သက်ကြီးဝါကြီး များကို ပူဇော်ကြသည်။
သီတင်းကျွတ်လ၊ ဝါကျွတ်ကာလသည် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်လတစ်လ ဖြစ် သည်။ ယနေ့ခေတ်ကဲ့သို့ အစွန်းရောက်အယူဝါဒများ ကမ္ဘာ့အနှံ့အကြမ်းဖက်ပျံ့နှံ့နေချိန်တွင် ငြိမ်းချမ်းမှုနှင့် ကောင်းမှုများကိုသာဦးတည်သော ဗုဒ္ဓဘာသာအနှစ်သာရများအား ပိုမိုထိန်းသိမ်းရန်လိုအပ်သည်။ ထို့ကြောင့် ဘုရားရှင်အစတည်ခဲ့သော လူကြီးမိဘကျေးဇူးတုံ့ပြန်ခြင်း၊ တရားတော်များအချင်းချင်းဝေမျှခြင်း၊ စည်းကမ်းရှိ သောစနစ်ဖြင့်ကျင့်သုံးနေထိုင်ခြင်း၊ ရိုးရာယဉ်ကျေးမှုများထိန်းသိမ်းခြင်း တို့ဆုံတည်ရာ သီတင်းကျွတ်ကာလ တွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇ အောက်တိုဘာလ
Comments
Post a Comment