“သီတင်းကျွတ်လ” ကို ပုဂံခေတ်မှာ “သန်တူလ” လို့ ခေါ်ခဲ့ကြပါတယ်။ ကျွန်တော်ရှာတွေ့သလောက် ကျောက်စာတွေထဲက မြန်မာနှစ်(၅၅၈)ခုထိုး ကျောက်စာမှာ “သန်တူလ” လို့ အစောဆုံးတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဝေါဟာရဇစ်မြစ်ဟာ အနည်းဆုံး နှစ်(၈၀၀)ကျော်ကြောင်း အထောက်အထားနဲ့ ပြောနိုင်ပါတယ်။
အောက်မှာဖော်ပြထားတာက ကျောက်စာ၊ မင်စာတချို့ထဲက ကောက်နုတ်ချက်တချို့ ဖြစ်ပါတယ်။
(၁) ဓမ္မရာဇ်ဘုရားမင်စာမှာ “သကရာဇ်(၅၅၈)ခု၊ အာသတ်နှင့် သန်တူလဆန်း”
(၂) စာသင်ဂူဘုရားကျောက်စာမှာ “သကရာဇ်(၆၃၃)ခု၊ သန္တူလဆန်း(၅)ရက်”
(၃) မဟာထီဘုရားကျောက်စာမှာ “သန္တူလဆုတ်(၇)ရက်၊ ကြာသပတိမ်နိယ် ”
ကောလိယ ဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment