တစ်ချိန်ကတော့ ‘ဦး’ ပဲ မှန်သလိုရှိခဲ့တယ်။ ဒါပေမဲ့ ရေးသူတွေက အသံထွက်အတိုင်း ‘အုံး၊ အုန်း’ ဆိုပြီး တစ်မျိုးစီရေးကြတယ်။ ဒါ့ကြောင့် မြန်မာစာအဖွဲ့ကနေ ‘အုန်း’ ကလွဲရင် သုံးလို့ရကြောင်း ပြဌာန်းပေးခဲ့တယ်။
ပြဌာန်းချက်အရ စာရေးရင် ‘ဦး’ လို့ရေးရမှာဖြစ်ပြီး၊ ပြောစကားတွေကို ချရေးရင် ‘အုံး’ လို့ရေးရမှာ ဖြစ်ပါ တယ်။ ရှင်းသွားအောင် သာဓကလေးတွေကြည့်ပါ။
စာရေးရင်
- နေပါဦးဟု တောင်းဆိုရမည်ထင်ပါသည်။
- သံဃာတော်များကို ရပ်တော်မူပါဦးဟု လျှောက်ထားသည်။
ပြောစကားကိုချရေးရင်
- နေပါအုံးလို့ တောင်းဆိုရမယ်ထင်ပါတယ်။
- သံဃာတော်တွေကို ရပ်တော်မူပါအုံးလို့ လျှောက်ထားတယ်။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment