၁၅၊ မှားလာကြတဲ့ ‘ကြော်’ နဲ့ ‘ကျော်’

 

            ကြော်လှော်တာကို ‘ကျော်’လို့ မှားရေးကြတာ များလာပါတယ်။ ‘ငါးပိကျော်၊ ကြက်မွကျော်’ စသဖြင့်။ အကြော်အလှော်ဘူးပေါ်မှာလဲ ‘ကျော်’ လို့ရေးတာမြင်မိပါတယ်။ ‘ကျော်’ နဲ့ ‘ကြော်’ မလွဲအောင် ပြောပြပါ့မယ်။

 

“ကျော်”

ကျူးကျော်၊ ကျော်ကြား၊ ကျော်စော၊ ကျော်စံကေးဖား၊ ကွက်ကျော်ရိုက်၊ ခုန်ပျံကျော်လွှား စသည်။

 

“ကြော်”

ကြော်ငြာ၊ ကြွေးကြော်၊ တကြော်ကြော်အော်၊ ဟစ်ကြော်၊ အကြော်အလှော်အချက်အပြုတ် စသည်။

 

ကောလိယ ဝေယံမောင်မောင်


Comments