၁၈၊ အမည်သိရုံနဲ့ မွေးနံသိနိုင်တဲ့ မြန်မာအမည်တွေ



 

          မြန်မာ့ထူးခြားချက်တစ်ခုက အမည်သိရုံနဲ့ မွေးနံသိနိုင်တာပါ။ အများစုက နေ့နံကိုက်မှည့်ထားတာ မဟုတ်လား။ ဒါဟာ မြန်မာစာရဲ့ အားသာချက်တစ်ခုလဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဓလေ့တော့ မဟုတ်ဘူး။ ဗေဒင်ပညာကနေ ဆင်းသက်လာခဲ့တာပါ။ မသိသေးသူများ စာပေအဖြစ် လေ့လာနိုင်ဖို့ ဂဏန်း၊ ဂြိုဟ်၊ အက္ခရာ၊ သတ္တဝါ၊ အရပ်၊ ဂြိုဟ်သက် တွေကို ဖော်ပြပေးပါရစေ။

 

            မှတ်ချက်ကတော့ မြန်မာ့အချိန်ဟာ အနောက်တိုင်းအချိန်လို ညဉ့်(၁၂)မှာ နေ့မကူးဘဲ အရုဏ်တက်မှ ကူးတာပါ။ ဒါ့ကြောင့် ဗုဒ္ဓဟူးမွန်းလွဲကနေ ကြာသပတေး အရုဏ်တက်အတွင်းမွေးရင် ရာဟုလို့ခေါ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်မှာ ရာဟုမရှိလို့ Ascending node of the moon လို့ပဲ ဘာသာပြန်ပါတယ်။

 

၁၊ တနင်္ဂနွေ - အ၊ ဣ၊ ဥ (ဂဠုန်၊ အရှေ့မြောက်၊ ၆နှစ်)           

 

၂၊ တနင်္လာ - က၊ ခ၊ ဂ၊ ဃ၊ င (ကျား၊ အရှေ့၊ ၁၅နှစ်)    

        

၃၊ အင်္ဂါ - စ၊ ဆ၊ ဇ၊ ဈ၊ ည (ခြင်္သေ့၊ အရှေ့တောင်၊ ၈နှစ်)        

 

၄၊ ဗုဒ္ဓဟူး - လ၊ ဝ (ဆင်၊ တောင်၊ ၁၇နှစ်)    

 

၅၊ ကြာသပတေး - ပ၊ ဖ၊ ဘ၊ ဗ၊ မ (ကြွက်၊ အနောက်၊ ၁၉နှစ်)         

  

၆၊ သောကြာ - သ၊ ဟ (ပူး၊ မြောက်၊ ၂၁နှစ်)         

  

၇၊ စနေ အက္ခရာ - တ၊ ထ၊ ဒ၊ ဓ၊ န (နဂါး၊ အနောက်တောင်၊ ၁၀နှစ်)   

 

၈ (သို့) ဝ၊ ရာဟု - ယ၊ ရ (ဟိုင်းဆင်၊ အနောက်မြောက်၊ ၁၂နှစ်)      

 

ကောလိယ ဝေယံမောင်မောင်

 

   

Comments