၁၉၊ စာတန်း နဲ့ စာတမ်း မတူ

             


 

        အမှားနှစ်ခု အမြဲတွေ့ရပါတယ်။ ‘စာတမ်းထိုးရုပ်ရှင်” နဲ့ “စာတန်းဖတ်ပွဲ” ဆိုတာပေါ့။ ကိုယ်တိုင်လဲ လူထဲကလူမို့ အမှန်သိလျက် ချွတ်ချော်ရေးမိတာမျိုးရှိပါတယ်။ ဒါပေမဲ့ စာပေပညာကိုအသုံးချပြီး ရေးထိုး ကြေညာ/ ကြော်ငြာရတဲ့ “စာတန်း” နဲ့ “စာတမ်း” ကိုတော့ သဲကွဲအောင် စိစစ်သုံးနှုန်းသင့်ပါတယ်။ သည်နှစ်ခု ဘာကွာလဲ ကြည့်ကြရအောင်ပါ။

 

စာတန်း

        စာကြောင်းကို ပြောတာပါ။ ‘စာတန်းထိုး၊ စာတန်းထိုးရုပ်ရှင်၊ စာတန်းထိုးဇာတ်ကား’ စတာတွေကို ‘နသတ်’နဲ့ ရေးပါတယ်။

 

စာတမ်း

        ‘စာရွက်စာတမ်း၊ သုတေသနစာတမ်း၊ စာတမ်းဖတ်ပွဲ’ စတာတွေကို ‘မသတ်’နဲ့ ရေးပါတယ်။ အဓိပ္ပာယ်က “(၁) အခိုင်အမာ အထောက်အထားပြုအပ်သောစာ။ (၂) ရှေးသူဟောင်းတို့၏ ကျင့်ရိုးကျင့်စဉ် ထုံးတမ်း အစဉ်အလာကို ရေးမှတ်ထားသောစာ။” ဖြစ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်


Comments