၂၀၊ မြန်မာပြက္ခဒိန်ပေါ်က ဝေါဟာရများ




 

    Gregorian Calendar လို့ခေါ်တဲ့ ကမ္ဘာ့ပြက္ခဒိန်မှာ အထိမ်းအမှတ်နေ့တွေ ရေးလေ့ရှိပါတယ်။ မြန်မာ ပြက္ခဒိန်မှာတော့ ဗေဒင်ဝေါဟာရတွေပါ ထပ်ထည့်ရေးရှိပါတယ်။ ပြက္ခဒိန်ကို နေ့စဉ်မြင်ကြပေမဲ့ အခေါ်အဝေါ် တွေအကြောင်း သိသူနည်းပါတယ်။ ဗဟုသုတအဖြစ်မှတ်ဖို့ စုစည်းဖော်ပြ ပေးလိုက်ပါတယ်။

 

ပြက္ခဒိန်

နှစ်၊ လ၊ ရက်၊ နေ့ စသည်တို့ကို မှတ်သားဖော်ပြထားသောဇယား။

 

သက္ကရာဇ်

မြန်မာတို့ မှတ်သားသုံးစွဲလာခဲ့သော နှစ်အရေအတွက်။

 

သာသာနာတော်နှစ်        

ဘုရားပရိနိဗ္ဗာန်စံသည့်နှစ်မှ စတင်ရေတွက်လာသော နှစ်အရေအတွက်။

 

ခရစ်နှစ်

ခရစ်ဖွားသောနှစ်မှစ၍ ရေတွက်သောနှစ်။

 

ရက်ရာဇာ

ရက်ကောင်းရက်မြတ်တစ်မျိုး။

 

ပြဿဒါး

လုပ်ငန်းဆောင်တာ မဆောင်ရွက်ကောင်းဟု ယူဆထားသောရက်။

 

ဝါရမိတ္တု

ရက်ဆိုးရက်ညံ့။ နေ့သင့်ဂဏန်းနှင့် ရက်ဂဏန်းပေါင်းလျှင် ၁၃ရရှိသောရက်။

 

နဂါးလှည့်

အိမ်ရာကိုစောင့်သည်ဆိုသော နဂါး၏ဦးခေါင်းပြုရာ အရပ်မျက်နှာ။

 

လဆန်း

လ စထွက်သည့်ရက်မှ လပြည့်ရက်အထိကာလ။

 

လဆုတ်

လပြည့်ကျော်။

 

လကွယ်

လဝန်းကို လုံးဝမမြင်ရသောရက်။

 

လပြည့်

လဝန်းကို အပြည့်မြင်ရသောရက်။ မြန်မာလဆန်း ၁၅ရက်။

အဖိတ်

ဥပုသ်နေ့မတိုင်မီတစ်နေ့။

 

အမြိတ္တစုတ်

လဆန်း၁/လဆုတ်၁ = သောကြာနေ့

လဆန်း၂/လဆုတ်၂ = ဗုဒ္ဓဟူးနေ့

လဆန်း၃/လဆုတ်၃ = တနင်္လာနေ့

လဆန်း၄/လဆုတ်၄ = ကြာသပတေးနေ့

လဆန်း၅/လဆုတ်၅ = စနေနေ့

လဆန်း၇/လဆုတ်၇ = အင်္ဂါနေ့

လဆန်း၈/လဆုတ်၈ = တနင်္ဂနွေနေ့

 

ကောလိယ ဝေယံမောင်မောင်





Comments