အင်္ဂလိပ်စာမှာ မင်းသမီး Princess ကို ‘S’ တစ်လုံးဖြုတ်လိုက်တာနဲ့ မင်းသားများ Princes ဖြစ်သွား ပါတယ်။ မြန်မာစာမှာလဲ ‘အစ်မ’ကို ‘စသတ်’လေးဖြုတ်တာနဲ့ ‘အမ’ဆိုပြီး လူကနေတိရစ္ဆာန် ဖြစ်သွားပါတယ်။ ဒီလိုလွဲတဲ့စကားလုံးကို ဘာသာပြန်မိရင် ပိုဆိုးပါတယ်။
‘အမ’ ဆိုတာ Female of the species ပါ။ တိရစ္ဆာန်၊ သစ်ပင် စတာကို ပိုပြီးရည်ညွှန်းပါတယ်။ ဥပမာ - ခွေးမ၊ နွားမ၊ သင်္ဘောအမပင်၊ ဂမုန်းအမပင်။
‘အစ်မ’ ဆိုတာ အားလုံးသိတဲ့အတိုင်း ကိုယ့်ထက်ကြီးတဲ့ မွေးချင်းမိန်းကလေးတို့၊ ကိုယ့်ထက်ကြီးတဲ့ အမျိုးသမီးတို့ကို ခေါ်တာဖြစ်ပါတယ်။ Elder Sister ပါ။
ဒါ့ကြောင့် ကျွန်တော်တို့တွေ စာပေရေးတဲ့အခါ သတ်ပုံမှန်ဖို့ အရေးကြီးတာဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment