၁၄၊ Save the Date သည် အမှတ်တရနေ့မဟုတ်၊ မရောက်သေးသောနေ့ကို မှတ်ထားခြင်းဖြစ်

 


            လူမှုကွန်ရက်မှာပို့စ်တင်ရင် Save the Date ဆိုတာ ထည့်ရေးတတ်ကြတယ်။ ‘ဒီနေ့အမှတ်တရပုံ’ ဆိုတာမျိုးပေါ့။ တကယ်က Save the Date ဆိုတာ လာမဲ့ ‘ရက်စွဲကိုမှတ်ထားခြင်း’ ပါ။ ပြီးခဲ့တဲ့ရက်၊ ပြီးခဲ့တဲ့ အမှတ်တရကို ပြောတာမဟုတ်ပါဘူး။ ပွဲတွေဖိတ်ရင်လဲ  အဲဒီရက်ကိုမှတ်ထားဖို့ ဖိတ်စာမှာ Save the Date လို့ ရေးလေ့ရှိပါတယ်။

            Save နဲ့ Date ဟာ ရှေးပြင်သစ်စာနဲ့ လက်တင်စာတို့ကနေ ဆင်းသက်လာပြီးမှ အင်္ဂလိပ်စကားဖြစ်ခဲ့ပါ တယ်။ အခုအခါ မြန်မာမှာလဲ ဒီစကားလုံးတွေ ဆက်သုံးကြတာမို့  ကျွန်တော်တို့တွေ အသုံးမှန်အောင် သတိပြု ကြဖို့လိုလှပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင်


Comments