၂၄၊ ‘ဌ’ နဲ့ ‘ဋ္ဌ’ မတူ

 

‘ဌ’ နဲ့ ‘ဋ္ဌ’ ကို ‘လည်ရစ်မပါတဲ့ ဌဝမ်းဘဲ’ နဲ့ ‘လည်ရစ်ပါတဲ့ ဌဝမ်းဘဲ’ လို့ အလွယ်ခေါ်ကြပါစို့။ အခေါ်တော့ မမှန်ဘူးနော်။ ‘ဋ္ဌ’ နဲ့ရေးရမဲ့နေရာမှာ ‘ဌ’ နဲ့ မှားရေးတတ်ကြပါတယ်။   

 

‘ဌ’ ဆိုတာ ဌဝမ်းဘဲ တစ်လုံးတည်းပါ။

‘ဋ္ဌ’ ဆိုတာ ‘ဋ’သန်လျင်းချိတ် နဲ့ ‘ဌ’ဝမ်းဘဲ နှစ်လုံးဆင့်ပါ။ 

 

‘ဌ’ ကို ဌာန၊ ဌာပနာ၊ သူဌေး၊ ဌာန်ကရိုဏ်း စတာတွေမှာသုံးပါ။

‘ဋ္ဌ’ ကို ကမ္မဋ္ဌာန်း၊ ပဋ္ဌာန်းပြဋ္ဌာန်း သန္နိဋ္ဌာန်၊ ဆဋ္ဌမ၊ အဋ္ဌမ၊ သမ္မာဓိဋ္ဌိ၊ ရှင်မဟာရဋ္ဌသာရ၊ သေဋ္ဌေး၊ အဓိဋ္ဌာန် စတာတွေမှာသုံးပါ။

 

Comments