မလိုအပ်ဘဲ ‘အောက်မြစ်ပို’ ထည့်ထားတာမျိုး မကြာခဏတွေ့ရပါတယ်။
- ဝန်ဆောင်မှု့
- ကျန်းမာရေးစောင့်ရှောက်မှု့
- လူမှု့ဖူလုံရေး
- ပိုက်ဆံရှိ့၊ ရောဂါရှိ့
- လုပ်တယ့်အလုပ်၊ စားတယ့်ထမင်း စသဖြင့်။
သည်နေရာမှာ အောက်မြစ်မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုရင် အောက်မြစ်ဆိုတာ ‘အသံရှည်ကို တားမြစ်ဖို့ ထည့်ရတာ’ ဖြစ်လို့ပါ။
ဥပမာ -
‘မှု’ ကိုဖတ်ကြည့်ပါ။ ‘မူ၊ မှူ’ လိုအသံမရှည်၊ အသံတိုပါ။
‘ရှိ’ ကိုဖတ်ကြည့်ပါ။ ‘ရှီ၊ ရှူ’ လိုအသံမရှည်၊ အသံတိုပါ။
ဟတ်ထိုးနဲ့ တစ်ချောင်းငင် ပေါင်းမှတော့ အသံတိုပြီပေါ့။ သည်အသံတိုကို အောက်မြစ်သွားထည့်ရင် အပိုဖြစ်သွားပြီ။
အသံရှည်ကို အောက်မြစ်ထည့်တာကျ ယေဘုယျမှန်ပါတယ်။ ဥပမာ ‘အလှူ့ဒကာ၊ အလှူ့ရှင်’ ဆိုရင် ‘အလှူ’ ဆိုတဲ့အသံရှည်ကို အောက်မြစ်ထည့်ထားတာ။ ‘မောင်မောင်၏ပိုက်ဆံ’ ဆိုရင်လဲ အောင်မြစ်ထည့်တော့ အသံတိုပြီး ‘မောင်မောင့်ပိုက်ဆံ’ ဖြစ်သွားရော။ အဲသည့်အခါ အောက်မြစ်က ပိုင်ဆိုင်မှုကိုပါ ဖော်ပြပေးသွားပါတယ်။
အောက်မြစ်ရဲ့ တခြားအသုံးတွေရှိပါသေးတယ်။ အဓိကကတော့ ‘မှု ၊ ရှိ’ စတာတွေမှာ အောက်မြစ်မထည့်ဖို့ပါပဲ။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment