မြန်မာစာ၊ မြန်မာစကား သင်တန်း (၂) / သိပ္ပအလှူ၊ အွန်လိုင်း

 



        နယ်ပယ်စုံ ရေးသား၊ ပြောဆို၊ တင်ဆက်နေကြသော မြန်မာစာပေနှင့် စကား ထိန်းသိမ်းမြှင့်တင်ရန် ရွယ်စူးဖွင့်လှစ်ပါသည်။
_
 
▬ တက်ရောက်နိုင်သူများ ▬
 
မြန်မာစာ၊ မြန်မာစကားကို
 
● ရေးသား၊ ပြောဆို၊ တင်ဆက်နေသူ
 
● စံရေးသားနည်း၊ စံပြောဆိုနည်း လေ့လာလိုသူ
 
● အခြေခံပိုမိုသိရှိကျွမ်းကျင်လိုသူ
 
● အနိမ့်ဆုံးအားဖြင့်
အထက်တန်းဆင့် မြန်မာစာ တတ်မြောက်သူ
အခြေခံမြန်မာစကားပြောဆိုနိုင်သူ
_
 
▬ သင်ကြားမည့်ကဏ္ဍများ ▬
မြန်မာစာပေနှင့် မြန်မာစကား(၂)မျိုးလုံး ပို့ချပါမည်။
 
♦ မြန်မာစာပေ ♦
 
● မြန်မာစာပေသမိုင်း
 
● မြန်မာသဒ္ဒါနှင့် ဗျည်း၊ သရများ
 
● ရုံးသုံးမြန်မာစာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်း၊ ကဗျာ
 
စသည့် သုတ၊ ရသ စာပေအမျိုးမျိုး ဖန်တီးမှုအခြေခံ
 
● ပါဌ်ဆင့်(နှစ်လုံးဆင့်) ရေးသားခြင်း
 
● သုံးသင့်၊ မသုံးသင့်သောစကားလုံးများ
 
● လွဲမှားလေ့ရှိသော စာလုံးပေါင်းနှင့် ဝါကျများ
 
● မြန်မာစာ​ဗဟုသုတ
_
 
♦ မြန်မာစကား ♦
 
● ပြောဆို၊ တင်ဆက်ရာ၌ သတိပြုရန်များ
 
● ဗျည်း၊ သရ၊ ဌာန်၊ ကရိုဏ်း မှန်စွာအသံထွက်ခြင်း
 
● ဒေသိယစကားများ
 
● ပါဌ်ဆင့်(နှစ်လုံးဆင့်) ဖတ်ရှုခြင်း
 
● ပြောသင့်၊ မပြောသင့်သောစကားလုံးများ
 
● မြန်မာစကားဗဟုသုတ
_
 
▬ သင်တန်းကြေး ▬
 
● ယခုအတန်းအတွက် အခမဲ့
_
 
▬ သင်တန်းကာလ ▬
 
● (၂၀၂၁)ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက် မှ (၂၄)ရက်အထိ
 
● ညဥ့်(၇)နာရီ မှ (၉)နာရီအတွင်း
_
 
▬ ပို့ချမည့်ဆရာ ▬
 
အဘိဓမ္မဓရ ကောလိယ ဝေယံမောင်မောင်
 
● ၂၀၀၀ ပြည့်နှစ်မှစ၍ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်နှင့်
အွန်လိုင်းတို့၌ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ စသော
စာပေအမျိုးအစားများစွာ ရေးသားခဲ့ပြီး စာပေဆုများ
ရရှိထားသည်။
 
● ရသစာပေပညာ၊ စာပေဖန်တီးမှုအတတ်ပညာ
(Creative Writing) ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
 
● ရုပ်သံထုတ်လုပ်ရေးမှူးနှင့် တင်ဆက်သူအဖြစ် ပြည်တွင်း၊
ပြည်ပ အစီအစဉ်များစွာ ထုတ်လုပ်၊ တင်ဆက်ခဲ့သည်။
 
● တရုတ်နိုင်ငံရှိ ရုပ်သံနှင့် အသံလွှင့်ဌာနများဖြစ်သော
CIBN
Yunnan Television
China Radio International (CRI)
တို့နှင့် အစီအစဉ်များ ရိုက်ကူးထုတ်လုပ်ခဲ့သည်။
 
● ၂၀၁၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်အဆင့် အခမ်းအနားများနှင့်
ပွဲအမျိုးအစားများစွာ တင်ဆက်ခဲ့သည်။
 
● စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၌ ဦးဆောင်တင်ဆက်သူ၊
ဟောပြောသူအဖြစ် ဆောင်ရွက်ခဲ့သည်။
 
● အသံနောက်ခံ ဇာတ်လမ်းများ၊ ကြော်ငြာများ၊ အစီအစဥ်များ
သွင်းယူထုတ်လွှင့်ခဲ့သည်။
 
● Talents & Models ဒေါ်တင်မိုးလွင်နှင့် ၁၄နှစ်လက်တွဲ၍
ပထမဆုံးနည်းပြအဖြစ် အတန်းများ ပို့ချခဲ့သည်။
 
● ကိုယ်ပိုင်အရည်အသွေးမြှင့်တင်မှုသင်တန်း၊
လုပ်ငန်းအဖွဲ့အစည်းများအတွက်သင်တန်း၊
တင်ဆက်ခြင်းသင်တန်း၊ ရုပ်သံတင်ဆက်ခြင်းသင်တန်း၊
မြန်မာစာမြန်မာစကားသင်တန်း၊
မင်္ဂလာအခမ်းအနားမှူးသင်တန်းများ တစေပို့ချလျက်ရှိသည်။
_
 
♦ ပညာအရည်အချင်း ♦
 
● B.A (Creative Writing)
 
● Superior Diploma in Abhidhamma
(University of Abhidhamma)
 
● Diploma in English (M.U.F.L)
 
● Diploma in Myanmar History and Culture
(University of Yangon)
_
 
▬ ပို့ချမည့်ပုံစံ နှင့် မှတ်ချက် ▬
● ZOOM ဖြင့်သင်ကြားပါမည်။ ဗီဒီယိုပြန်မပို့ပါ။
 
● သင်ခန်းစာများ ပြန်လည်ဖြန့်ဝေခွင့်မပြုပါ။
 
● ပညာရှင်များတက်ရောက်ရန်မလိုပါ။
 
● လျာထားဦးရေပြည့်က စာရင်းပိတ်ပါမည်။
 
● စိတ်ဝင်တစား အချိန်မှန်တက်နိုင်မှ အပ်ပါရန်။
 
● လျှပ်စစ်၊ အင်တာနက် ချို့ယွင်းက အချိန်ရွှေ့ပါမည်။
_
 
▬ သင်တန်းအပ်နည်းအဆင့်များ ▬ 
 
● Page အား Like ပါ။
သင်တန်းကြော်ငြာအား Reaction ပေးပါ။
သင်တန်းကြော်ငြာအား Public ဖြင့် Share ပါ။
 
● Like နှင့် Share စခရင်ရှော့ ၂ခုကို Chat Box ၌ပြ၍
သင်တန်းအပ်လွှာ တောင်းယူပါ။
 
● ​သေချာဖတ်၍ ပြည့်စုံစွာဖြည့်စွက်ပြီး ပြန်ပို့ပါ။
ZOOM အချက်အလက် ပြန်ပို့ပါမည်။
 
 
ကောလိယ ဝေယံမောင်မောင်
______________________
 

Comments