ကျွန်တော့်ဆီမှာ (၂၄)ပစ္စည်းဆိုင်ရာစာအုပ် အတော်များပါတယ်။ တချို့စာအုပ်တွေက မျက်နှာဖုံး ကတည်းက သတ်ပုံမှားနေပါတယ်။ ‘ပဋ္ဌာန်း’ ဖြစ်ရမှာကို ‘ပဌာန်း’ ဖြစ်နေတယ်။ ဒါက စာစီဒီဇိုင်းအလွဲပါ။
‘လည်ရစ်ပါတဲ့ ဌဝမ်းဘဲ’ နဲ့ ‘လည်ရစ်မပါတဲ့ ဌဝမ်းဘဲ’ မတူပါဘူး။ ‘ဋ္ဌ နဲ့ ဌ’ ပေါ့ဗျာ။ ပဋ္ဌာန်းရေးရင် လည်ရစ်ပါရပါမယ်။ ဘာကြောင့်လဲဆိုရင် ပါဠိစကားလုံး ‘ပဋ္ဌာန’ ရဲ့နငယ်ပေါ်အသတ်တင်ပြီး ‘ပဋ္ဌာန်း’ ဖြစ်လာ လို့ပါ။ နောက်ကျမှ လည်ရစ်ကိစ္စထပ်ရှင်းပါအုံးမယ်ခင်ဗျာ။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment