ရောတတ်တဲ့ (၄)မျိုးအကြောင်းပါ။
စားတဲ့အရာကို ‘သုတ်’ လို့မှားတတ်ကြပါတယ်။ အမှန်က ‘သုပ်’ ပါ။ ထမင်းသုပ်၊ ချင်းသုပ် စသဖြင့်ပေါ့။ ပေကျံလို့သုတ်တာ၊ ဆေးသုတ်တာကျ ‘သုပ်’ လို့မှားတတ်ပြန်ပါတယ်။ ဆေးပညာမှာကျ အမျိုးသားနဲ့ဆိုင်တဲ့ အရည်ကို ‘သုတ်’ လို့မှားကြပြန်တယ်။ အမှန်က ‘သုက်’ ပါ။ ‘သုက္က’ ပါဠိစကားကနေ ဆင်းသက်ခဲ့ပါတယ်။
ကွဲပြားအောင်လို့ အသံထွက်တူတဲ့ ‘သုပ်၊ သုတ်၊ သုက်၊ သုဒ်’ တို့ကို ခွဲမှတ်ထားကြပါအုံး။
သုပ်
အသီးအရွက် စသည်ကို စားဖွယ်အဖြစ် ဆီ၊ ပဲမှုန့် စသည်နှင့် ရောနှောနယ်ဖတ်သည်။
သုက်
သန္ဓေပိုးပါသောအရည်
သုဒ်
သုဒ္ဓကိန်း (Prime Number)
သုဒ္ဓကြိယာ (Stative Verb) ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကိုပြသော ကြိယာ
သုတ်
၁၊ လိမ်းကျံသည်။ (ဆေးသုတ်)
၂၊ အညစ်အကြေးစသည် ကင်းစေရန် အဝတ်စသည်ဖြင့်ပွတ်သည်။ (တစ်သျှူးဖြင့်သုတ်)
၃၊ အလျင်အမြန် ပြုသည်။ (သုတ်ချေတင်)
၄၊ အလျင်အမြန် ချီယူသည်။ (ငှက်ထိုးသုတ်)
၅၊ တစ်စုပြီးတစ်စု ဆက်တိုက်ပြုလုပ်သည့် အကြိမ်ကိုရေတွက်သော စကားလုံး။ (အသုတ်လိုက်ခွဲ)
၆၊ ဒေသနာတော် အစီအစဉ် (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ)
၇၊ တစ်စုံတစ်ခုသော ဒေသနာ (မေတ္တသုတ်)
Comments
Post a Comment