နှစ်စဉ်မြူးရွှင် ဂေါ်သဇင် Porana volubilis

 






 


            မူရင်းက ဗမာစကားမဟုတ်ပါဘူး။ မွန်ဘာသာ (က’ဂဇင်) ပါ။ မွန်ဘာသာဆိုတာ ပုဂံခေတ်ကတည်းက ကျောက်စာတွေမှာ ပါခဲ့တာမဟုတ်လား။ အဆောင်ချင်းနွယ်ကူးတဲ့ ‘ဆောင်တော်ကူး’ ကို ဂေါ်သဇင်နဲ့ လွဲလေ့ ရှိကြပါတယ်။ ဂေါ်သဇင်ကတော့ နွယ်ပျော့မကူးဘဲ နွယ်တက်ပြီး ရုံဖြစ်ပါတယ်။ နှစ်စဉ်နတ်တော်လဆို ခြံထဲက ဂေါ်သဇင်ရုံတွေ ပွင့်ချင်တိုင်း ဖွေးအောင်ပွင့်၊ လေတိုက်တိုင်း မွှေးအောင်လွင့်လေရဲ့။ 

 

အရင်နှစ်ကခုတ်ပစ်ကြလို့ သည်နှစ်မှာ အင်အားရှိသလောက် ပွင့်ပေးရှာတယ်။ ကာလဒါနပဲခေါ်မလား၊ တစ်နှစ်တစ်ခါပွင့်တဲ့ ပန်းကလေးမို့ ဝါးလုံးနဲ့ဆွတ်ချူပြီး ဗုဒ္ဓရည်မှန်း လှူဒါန်းတဲ့ခါ ပီတိဖြာရပါတယ်။ ယိုးဒယား ကနေ အပင်ပုနဲ့ပွင့်တဲ့မျိုး ဘယ်လိုရောင်းရောင်း၊ ပင်ဖျားထက်မှာ နှစ်စဉ်ဝေဆာခြင်းသာ ရာသီအရသာပါလေ။

 

- မန္တလေးနန်းတော်တွင်း ဘိုးဘွားခေတ်ကတည်းက ဂေါ်သဇင်

- တော်ဝင်သဇင်နဲ့ဆင်တဲ့ ဂေါ်သဇင်

- မြန်မာအဘိဓာန်က ပြဌာန်းထားတဲ့ဂေါ်သဇင်

- သီချင်းကဗျာတွေမှာ အထင်အရှားပါတဲ့ဂေါ်သဇင်

- အင်္ဂလိပ်ဒီဇင်ဘာလမှာ မှန်စွာပွင့်တဲ့ဂေါ်သဇင်

- ဆောင်းမြူလိုဖွေး ထုံသင်းမွှေးတဲ့ဂေါ်သဇင်

 

            ဂေါ်သဇင်ပန်း ပွင့်လန်းချိန်မှာ မြန်မာပြည်တစ်ခွင် လန်းရွှင်မွှေးကြိုင်ကြပါစေ။

 

ကောလိယ ဝေယံမောင်မောင်

 

Comments