(၃၀) စိမ့် နဲ့ ဆိမ့်

 

        ‘စိမ့် နဲ့ ဆိမ့်’ ဟာ အသံထွက်ချင်းနီးစပ်ပေမဲ့ အဓိပ္ပာယ်ချင်း ကွာခြားပါတယ်။ အထူးသဖြင့် အရသာကို ပြောချင်တဲ့အခါ ‘ဆိမ့်’ အစား ‘စိမ့်’ ကို မှားသုံးတတ်ကြတယ်။ မတူကြပုံကို လေ့လာကြည့်ပါအုံး။

 

စိမ့်

ရည်ရွယ်ခြင်းအတွက်ဖြစ်ဖြစ်၊ အရည်၊ ဓာတ် စသည်တို့ ဝင်ထွက်ခြင်းအတွက်ဖြစ်ဖြစ် သုံးပါတယ်။

ဥပမာ - ကံကောင်းစေ ‘စိမ့်’ ငှာ ယတြာချေတတ်ကြသည်။ အအေးဓာတ် ‘စိမ့်’ ဝင်လာသည်။ စိမ့်ကြီး မြိုင်ကြီး၊ ချမ်းစိမ့်၊ စိမ့်စမ်းရေ၊ မိုးတစိမ့်စိမ့်၊ ယိုစိမ့်၊ ရေစိမ့်ထွက် စသည်။

 

ဆိမ့်

အရသာဆိမ့်တာကိုပြောရင် သုံးပါတယ်။

ဥပမာ - သစ်ဆိမ့်သီး၊ အီဆိမ့်၊ ဆိမ့်သက်၊ ဆိမ့်တိမ့်တိမ့်၊ ခါးဆိမ့်၊ ချိုဆိမ့်လက်ဖက်ရည်၊ ပေါ့ဆိမ့် လက်ဖက်ရည် စသည်။

 ကောလိယ ဝေယံမောင်မောင်


#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

 

Comments