(၃၁) ကောလာဟလ ဆိုတာဘာလဲ
‘ကောလာဟလ’ အဓိပ္ပာယ်က ‘တစ်စုံတစ်ရာဖြစ်ပေါ်မည့်အကြောင်း ကြိုတင်သတိပေးသော ကြွေးကြော်စကား’ ပါ။ ခေတ်တွေကြာလာတော့ ‘အခြေအမြစ်မရှိသောသတင်း’ ဆိုတဲ့ အဓိပ္ပာယ်တစ်မျိုးပါ ထပ်တိုးလာပါတယ်။ သတ်ပုံရေးရင် ‘လ’မှာ ‘ရေးချ’ ဖြုတ်ပြီး ‘ကောလဟာလ’ ဆိုပြီး ရေးမိတတ်ကြတယ်။ ကောလာဟလ (၅)မျိုးရှိပါတယ်။
၁၊ ကမ္ဘာပျက်မဲ့သတင်းပြောကြတဲ့
ကပ္ပကောလာဟလ
၂၊ ဘုရားပွင့်မဲ့သတင်းပြောကြတဲ့
ဗုဒ္ဓကောလာဟလ
၃၊ စကြာဝတေးမင်း ပေါ်မဲ့သတင်းပြောကြတဲ့
စက္ကဝတ္တိကောလာဟလ
၄၊ မင်္ဂလာတရားထွန်းကားမဲ့သတင်းပြောကြတဲ့
မင်္ဂလကောလာဟလ
၅၊ ပါရမီရှင်သာကျင့်နိုင်တဲ့အကျင့်ကျင့်သူ ပေါ်မဲ့သတင်းပြောကြတဲ့
မောနေယျကောလာဟလ တို့ဖြစ်ပါတယ်။
Comments
Post a Comment