(၁၉၉၆)ခုနှစ်၊ မန္တလေး၌ ပထမဆုံး အမေနေ့ကျင်းပစဉ်
(၁၉၉၆)ခုနှစ် ပထမဆုံးအမေနေ့သို့ ဦးသုခတက်ရောက်စဉ်
| (၁၉၉၆)ခုနှစ်တွင် မန္တလေးမြို့စခဲ့သော ပထမဆုံး အမေနေ့အခမ်းအနား |
| (၂၀၁၉)ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ (တတိယ)အကြိမ် အမေနေ့ သက်ကြီးပူဇော်ကန်တော့ပွဲ |
| (၁၉၉၆)ခုနှစ် ပထမဆုံးအမေနေ့သို့ ဦးသုခတက်ရောက်စဉ် |
‘အမေများနေ့’ မဟုတ်တဲ့ ‘အမေနေ့’
‘အဖေများနေ့’ မဟုတ်တဲ့ ‘အဖေနေ့’
ပြာသိုလပြည့် နှင့် တပေါင်းလပြည့်
--------------------------
ကောလိယ ဝေယံမောင်မောင်
မြန်မာနိုင်ငံမှာ အဖေနဲ့ပတ်သက်တဲ့နေ့ (၂)နေ့၊ အမေနဲ့ပတ်သက်တဲ့နေ့ (၂)နေ့ရှိနေပါတယ်။ မှတ်သားစရာကတော့ “အဖေများနေ့၊ အမေများနေ့” မဟုတ်ဘဲ “အဖေနေ့၊ အမေနေ့” ဖြစ်ကြောင်းပါ။
ပြာသိုလပြည့် အမေနေ့
စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခက လုပ်သားပြည်သူနေ့စဉ်သတင်းစာမှာ “ထိုတစ်နေ့” ဆိုတဲ့ ဆောင်းပါးရေးပါတယ်။ ပြာသိုလပြည့်လရောင်ဟာ အေးမြစေတဲ့အတွက် အမေနဲ့တူလို့ ဒီနေ့ကို “အမေနေ့” အဖြစ်ကျင်းပသင့်တယ်တဲ့။ ဒါ့ကြောင့် လုထူဒေါ်အမာ၊ အရီးတောင်း ဦးကျော်သိန်း၊ တက်နေဝန်းဓာတ်ပုံ ဦးစန်းမောင်တို့ နာယကပြုပြီး အမေနေ့ကျင်းပရေး စည်းဝေးကြပါတယ်။
၁၉၉၆ခုနှစ်၊ မန္တလေးမှာ ကျောင်းဆရာကြီး ဦးဖုန်းမြင့်အောင်တို့ “အမေနေ့” ကျင်းပတော့ ဦးသုခကိုယ်တိုင် တက်ရောက်ဟောပြောပါတယ်။ မန္တလေးကစတဲ့ “အမေနေ့” ကနေ မိဘခြေရာခံယူပွဲ၊ စာပေဟောပြောပွဲ၊ စာပေပြိုင်ပွဲတွေ ဖြစ်လာတော့တာပါပဲ။ (ကျွန်တော် ဒီအကြောင်းကို ၂၀၁၈၊ ဇန်နဝါရီ ထုတ် The CHIC မဂ္ဂဇင်းမှာ ရေးသားခဲ့ပြီး ဖြစ်ပါတယ်။)

နိုင်ငံတကာရဲ့ “အမေ့နေ့”
ကမ္ဘာတစ်ဝှန်းကျင်းပတဲ့ Mother’s Day ဆိုတာလဲရှိပါတယ်။ Mother ရဲ့နောက်မှာ ဗဟုဝုဒ်ကိန်းပြ သင်္ကေတ Apostrophe (အပေါ်စတော်ဖီ)ပါလို့ “အမေ့နေ့” လို့ ဘာသာပြန်ပါတယ်။ “အမေ” ဆိုတဲ့ စကားလုံးအောက်မှာ “အောက်မြစ်” ထည့်ထားပေးပါတယ်။ “အမေများနေ့” မဟုတ်ပြန်ပါဘူး။ အမေရိကန်၊ အနောက် ဗာဂျီးနီးယားမှာနေတဲ့ Anna Maria Jarvis ဆိုတဲ့ အမျိုးသမီးကြီးက ၁၉ဝ၇ခုနှစ်မှာ “Mother’s Day - အမေ့နေ့” ကိုစတင်ကျင်းပပါတယ်။

တပေါင်းလပြည့် အဖေနေ့
ဗုဒ္ဓက တပေါင်းလမှာ သူ့ဇာတိ ကပိလဝတ်ပြည်ကြွပြီး ခမည်းတော်ကို “မဟာဓမ္မပါလဇာတ်တော်” ဟောတော်မူခဲ့ပါတယ်။ ဒါ့ကြောင့် သုဒ္ဓေါဒနမင်းကြီး အနာဂါမ်ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက နောက်တစ်ကြိမ် လူမဖြစ်တော့ဘဲ ရဟန္တာအဖြစ်နိဗ္ဗာန်ပြုမှာပါ။ တပေါင်းလမှာ ဗုဒ္ဓဟာ ဖခင်ကျေးဇူးဆပ်ခဲ့လို့ တပေါင်းလပြည့်ကို အဖေနေ့အဖြစ် မန္တလေးမြို့မှာ ၂၀၀၈ခုနှစ်က စတင်ကျင်းပခဲ့ပါတယ်။ “အမေနေ့” လိုပဲ အခမ်းအနားများ ဆင်ယင်ကြပါတယ်။ (ဒီအကြောင်းကို ၂၀၁၈၊ မတ်လထုတ် The CHIC မဂ္ဂဇင်းမှာ ရေးဖူးပါတယ်။)

နိုင်ငံတကာရဲ့ “အဖေ့နေ့”
နိုင်ငံတကာမှာကျင်းပတဲ့ “အဖေ့နေ့” ဆိုတာရှိပါတယ်။ Father's Day ပါ။ “အဖေ” ရဲ့အောက်မှာ “အောက်မြစ်” ထည့်ပြီး “အဖေ့နေ့” လို့ဘာသာပြန်ပါတယ်။ ဥရောပအလယ်ခေတ်မှာ စိန့်ဂျိုးဇက်နေ့ ကျင်းပကြပါတယ်။ အဲဒီနေ့ကိုယူပြီး အမေရိကန်အမျိုးသမီး Sonora Smart Dodd က ၁၉၁ဝပြည့်နှစ်မှာ “Father's Day - အဖေ့နေ့” စတင်ကျင်းပခဲ့ပါတယ်။

အဖေနေ့၊ အမေနေ့မှာ “များ” ထည့်ဖို့မလို
“အဖေနေ့၊ အမေနေ့” ကို “အဖေများနေ့၊ အမေများနေ့” လို့ သုံးနှုန်းသူများလာတယ်။ ပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖန်တီးသူများ ရည်ရွယ်ချက်နဲ့မှည့်ထားတဲ့ မူလအမည်အတိုင်းသာ သုံးနှုန်းသင့်ပါတယ်။ ကဆုန်လပြည့်ဆိုရင် “ဗုဒ္ဓနေ့” ရှိတယ်မဟုတ်လား။ ဘုရားအဆူဆူ ရှိတော်မူကြပေမဲ့ “ဗုဒ္ဓများနေ့”လို့ မသုံးနှုန်းပါဘူး။
သဒ္ဒါအရကြည့်ရင် “အဖေ နဲ့ အမေ” က နာမ်(Noun) ဖြစ်ပါတယ်။ နာမ်အမျိုးအစားတွေထဲက “အများဆိုင်နာမ်” ပါ။ “မောင်မောင့်အဖေ၊ မောင်မောင့်အမေ” စတာမျိုးလို “တစ်ဦးဆိုင်နာမ်” မဟုတ်ပါဘူး။ ဒါ့ကြောင့် အဖေနဲ့အမေဟာ “များ” မထည့်ဘဲ အများနဲ့ဆိုင်ပါကြောင်း တင်ပြလိုက်ပါရစေ။
ဘဝအဆက်ဆက်က မိဘများကို ကန်တော့လျက်

၁၆.၁.၂၀၂၂
ဝဘ်ဆိုက်၌ ဖတ်ရှုရန်
https://waiyanmaungmaung.blogspot.com/2022/01/blog-post_26.html
ဓာတ်ပုံရှင်များကို မူပိုင်ပေးပါသည်။

Comments
Post a Comment