၃၃၊ တင်ဆက်တဲ့အခါ “ဟုတ်ကဲ့ပါ” ကို လိုအပ်မှပြောပါ

 

    တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောဆိုတင်ဆက်နေမှ “ဟုတ်ကဲ့ပါ” လို့သုံးသင့်ပါတယ်။ ဥပမာ စကားဝိုင်းပြောတာ၊ ပရိသတ်ကို မေးမြန်းနေတာမျိုးပါ။

           ဒါပေမဲ့ “ဟုတ်ကဲ့ပါ” ကို အဖွင့်စကားအဖြစ်ပြောနေကြတာ မကြာခဏကြားရတယ်။ ဥပမာ “ဟုတ်ကဲ့ပါ၊ အခုတင်ဆက်ပေးမှာကတော့” ဆိုတာမျိုး။ နောက်ပြီး ပရိသတ်နဲ့ဆက်သွယ်နေတာမဟုတ်ဘဲ “ဟုတ်ကဲ့ပါ ပရိသတ်များ ရှင်/ခင်ဗျာ” ဆိုတာလဲ ကြားမိပါတယ်။

        “ဟုတ်ကဲ့ပါ” ဆိုတာ ‘သဘောတူကြောင်း၊ ဝန်ခံကြောင်း၊ မှန်ကန်ကြောင်း’ ဖော်ပြတဲ့စကားလုံးပါ။ သဒ္ဒါအရပြောရင် “ပစ္စည်း” လို့ခေါ်ပါတယ်။ ခွန်းတုံ့ပြန်မှ သုံးရမှာပါ။ ဒီစကားလုံးကမမှားပေမဲ့ နေရာတကျ မသုံးရင်တော့ လွဲနိုင်ပါတယ်။ တင်ဆက်သူဆိုတာ စကားပြောသူတွေရဲ့ စံဖြစ်နေတယ်မဟုတ်လား။

 

ကောလိယ ဝေယံမောင်မောင်

 


Comments