(၂၈) ခဏဆိုတဲ့အချိန်က ဘယ်လောက်ကြာသလဲ?

 

        မြန်မာ့အချိန်မှာ ‘ခဏ’ ဆိုတာသုံးလေ့ရှိပါတယ်။ ‘ခဏ’ က ‘မျက်စိ၁၀မှိတ်’ ကြာချိန်ဖြစ်ပါတယ်။ ‘တစ်မုဟုတ်ချင်း’ ပြောင်းလဲသွားတယ် ဆိုတဲ့စကားလဲ ကြားဖူးကြပါလိမ့်မယ်။ ‘၁ မုဟုတ်’ ဆိုတာ ‘ခဏ ၁၀၀’ ကိုပြောတာပါ။ အဲသည့် ‘မုဟုတ်’ ကို ‘ခရာ’ လို့လဲခေါ်ပါတယ်။

 

‘မျက်စိမှိတ်’ ကနေ ရေတွက်ရင်း ‘နှစ်’ ထိဖြစ်လာပါတယ်။ မြန်မာ့‘နာရီ’ က ကမ္ဘာ့နာရီနဲ့ မတူပါဘူး။ ကမ္ဘာ့အချိန်မှာ တစ်ရက်(၂၄)နာရီရှိပေမဲ့ မြန်မာက တစ်ရက်နာရီ(၆၀)ရှိပါတယ်။

 

            မြန်မာ့အချိန်အတိုင်းအတာ ဝေါဟာရတွေက ပါဠိနဲ့ သက္ကတဘာသာတို့ကနေ ဆင်းသက်လာခဲ့ကြပါ တယ်။ မှတ်သားဖတ်ရှုကြပါအုံး။

 

မျက်စိ ၁၀ မှိတ်   = ၁ ခဏ

၁၀ ခဏ            = ၁ လယ

၁၀ လယ           = ၁ ခရာ (၁ မုဟုတ်)

၁၀ ခရာ            = ၁ ပြန်

၆ ပြန်                = ၁ ဗီဇနာ

၁၅ ဗီဇနာ          = ၁ ပါဒ်

၄ ပါဒ်                = ၁ နာရီ

နာရီ ၆၀            = ၁ ရက်

ရက် ၃၀             = ၁ လ

၁၂ လ               = ၁ နှစ်

 

ကောလိယ ဝေယံမောင်မောင်


Comments