‘နန်းစံ နဲ့ နန်းဆန်’ ဆိုတဲ့စကားနှစ်လုံးကို ရောရောထွေးထွေး ရေးမိတတ်ပါတယ်။ ဒီနှစ်ခုဟာ အသံထွက်နီးစပ်ပေမဲ့ အဓိပ္ပာယ်မတူတဲ့ ‘သံတူကြောင်းကွဲ’ ဖြစ်ပါတယ်။
နန်းစံ
‘နန်းစံ’ ဆိုတာ မင်းအဖြစ်အုပ်စိုးတာကို ပြောတာပါ။ ဘုရင်တွေရဲ့သမိုင်းဖတ်ရင် ဘုရင်ဖြစ်တဲ့နှစ်၊ ဘုရင့်သက်တမ်းတို့ကို ‘နန်းစံနှစ်၊ နန်းစံသက်’ စသဖြင့်ရေးတာ တွေ့ရမှာပါ။
ဥပမာ - အနော်ရထာမင်း၏ နန်းစံနှစ်မှာ သက္ကရာဇ် ၄၀၆ ခုနှစ်ဖြစ်သည်။
နန်းဆန်
နန်းတွင်းသူ၊ နန်းတွင်းသားတို့ရဲ့ သွင်ပြင်၊ အမူအရာ၊ အသုံးအဆောင်နဲ့ တူတာကိုပြောတာပါ။ ဥပမာ - ‘နန်းဆန်သောအိမ်၊ နန်းဆန်သောအမျိုးသမီး’ စသဖြင့်ပါ။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment