စေတနာမှတ်ဉာဏ် ရင်တွင်းသံ

 


  ဆရာနဲ့စာသင်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ရင်းနှီးနွေးထွေးမှုကို ခံစားရပါတယ်။ စာတွေ့သင်မဟုတ်ဘဲ ပြင်ပအတွေ့အကြုံတွေပါ သင်ပေးတော့ ဗဟုသုတတွေ အများကြီးရပါတယ်။

 

  စကားလုံးအထားအသို၊ အဖြတ်အတောက်၊ အသံနေအသံထား အကုန် မှန်ကန်အောင် သင်ကြားပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

  သီချင်းတွေ အသံကောင်းနဲ့ဆိုပြတဲ့ဆရာ့ကို သတိရနေပါမယ်။ ဆရာလဲ ဒီထက်မက အောင်မြင်ပါစေခင်ဗျာ။

 

ပိုင်သက်မှူးနိုင်

မုံရွာ

 

  ဆရာဝေယံမောင်မောင်ဆီမှာ သင်တန်းတက်ခဲ့ပါတယ်။ မြန်မာစာ မြန်မာစကားကိုပါ သင်ကြားပေးလို့ မှန်တယ်ထင်တဲ့အသံထွက်တချို့ပါ မှားနေမှန်း သိခဲ့ရပါတယ်။

 

  သင်တန်းသားတစ်ယောက်ကို စိတ်ရှည်လက်ရှည် ဘက်စုံသင်ကြားပေး ခဲ့လို့ ဗဟုသုတများစွာရတဲ့အပြင် စိတ်ခွန်အားများပါ ရခဲ့ပါတယ်။

 

  ကျွန်မထက် အသက်ငယ်ပေမဲ့ ကျွန်မထက် ပညာဗဟုသုတ၊ စာပေဗဟု သုတ၊ ပြင်ပဗဟုသုတပေါင်းများစွာ ကြွယ်ဝနေသူမို့ ဆရာလို့ခေါ်ထိုက်ပါပေတယ်။

 

  ဆရာသင်ကြားပေးခဲ့တဲ့ပညာကို လေ့လာဆည်းပူးရင်း ဆရာကောင်း တပည့် ပန်းကောင်းပန်နိုင်အောင် ကြိုးစားသွားပါ့မယ်။ ဆရာလဲ တပည့်ကောင်း များစွာမွေးထုတ်ပြီး လောကကြီးကို အလှဆင်နိုင်ပါစေ။

 

လွင်မီမီကို (မေတ္တာရိပ်)

လူရွှင်တော် ဦးမေတ္တာ၏ဇနီး

 

 

  ဆရာနဲ့စတွေ့ရတဲ့ (၂၀၁၉)ကနေ အခုထိ ဆရာ့ဆီကနေ အတွေ့အကြုံ ပေါင်းများစွာ၊ သင်ယူစရာပေါင်းများစွာ ရယူနေရသလိုပဲ

 

  နောင်နှစ်ပေါင်းများစွာတိုင် ဆရာအားကိုးရတဲ့၊ ဆရာ့ကိုချစ်တဲ့ ညီတပည့် တစ်ယောက်အနေနဲ့ ဆရာ့အနား နေသွားချင်ပါတယ်။ 

 

ဆရာ့ကိုချစ်တဲ့ မန္တလေးက ညီတပည့်

ဒီဇူးခန့် (ခ) ဇွဲမာန်ခိုင်ဌေး 

  အလွန်စေတနာပါလို့ ()ရက်မကတက်ချင်တဲ့ သင်တန်းပါရှင့်။ နားမ လည်တာ မသိ/မတတ်တာဆိုရင် တခြား Online Class တွေလို စိတ်မရှည်တာ မရှိဘဲ စိတ်ရှည်ရှည်နဲ့သေချာရှင်းပြပေးတဲ့အပြင် ဆရာက ဖော်ရွေပျူငှာတာကြောင့် အလွန်အဆင်ပြေခဲ့ရပါတယ်ရှင့်။ 

 

  ဝါသနာပါလို့သာ လုပ်နေပေမဲ့ ဘာမှစနစ်တကျသင်ထားတာ မရှိခဲ့တဲ့ အတွက် ဆရာကလက်ဦးဆရာပါရှင့်။ ဆရာ့ရဲ့ တခြား Course တွေကိုလ ထပ်တက် ဖို့ စိတ်ကူးထားပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်ဆရာ။

 

အိမ့်မြတ်သျှား

တောင်ကြီး

Comments