၃၈၊ မရမ်းသီး (မှား)၊ မရန်းသီး (မှန်)

 

        နိုင်ငံတော်အဆင့်အထိ အရေးမှားတဲ့စကားလုံးပါ။ ‘မရမ်း’ လို့ရေးရင်မှားပါတယ်။ ‘မရန်း’ လို့ရေးမှ မှန်ပါတယ်။ မရန်းသီးပေါ်ချိန်မှာဆို ပိုမှားကြတယ်။ ဒါဖြင့် ‘မရမ်း’ လို့ရေးရင် ဘာလို့မှားတာလဲ?

           ‘မရန်း’ ရဲ့မူလက ပါဠိစကား ‘မုရင်္ဂ’ ဖြစ်ပါတယ်။ ပါဠိကိုမြန်မာမှုပြုပြီး ရေးချင်တယ်ဆိုရင် ရေးထုံးတွေ ရှိပါတယ်။ ဥပမာ ‘မာန’ ကိုမြန်မာမှုပြုတဲ့အခါ ‘မာန်’ ဆိုပြီး ‘မ’ နဲ့ ‘န’ ကိုပြန်သုံးရေးတယ်။ ‘ကထိန’ ကိုကျ ‘ကထိန်’ လို့ ပြန်ရေးတယ်။

            ‘မုရင်္ဂ’ ကိုကျ ‘မ’ နဲ့ ‘ရ’ ကိုပြန်သုံးပြီး ‘မရန်း’ လို့ရေးပါတယ်။ သတ်ပုံကျမ်းကြည့်ရင်လဲ ‘မရန်း’ သာအမှန်ဖြစ်ကြောင်း တွေ့မှာပါ။ ‘မရမ်း’ လို့မရေးဘဲ ‘မရန်း’ လို့ရေးတာကြောင့် ‘မလှုပ်ရမ်းဘူး’ ဆိုတဲ့ အဓိပ္ပာယ်လဲ မပေါက်သွားတော့ဘူး။ နောက်ပြီး အင်္ဂလိပ်လိုရေးတဲ့ Marian ဆိုတာကလဲ ပါဠိစကားကနေ ယူထားခြင်းပါ။ ဒါ့ကြောင့် မရန်းသီးနဲ့ပတ်သက်တာမှန်သမျှ ‘မရန်း’ လို့ရေးမှ မှန်ပါတယ်။

 


Comments