မင်္ဂလာဆောင်နှင့် ပန်းအလှဆင်ခြင်း
ရုပ်သံမှာ မင်္ဂလာဆောင်အစီအစဉ်တွေ နှစ်စဉ်တင်ဆက်တိုင်း ပန်းအလှဆင်ကဏ္ဍပါ ထည့်သွင်းရိုက် ကူးပေးခဲ့ပါတယ်။ အခုတစ်ခါတော့ ရန်ကုန်မြို့၊ အီသာနယ်ဖလားဝါးက မစုနဲ့ မန္တလေးက လင်းအရုဏ်တို့ရဲ့ (၂၀၁၄)ခုနှစ်က စကားသံတချို့ကို ဗီဒီယိုအဖြစ် ထုတ်နုတ်ဖော်ပြ ပေးလိုက်ပါတယ်။
မင်္ဂလာဆောင်ရင် ပန်းအတွက်လဲ စဉ်းစားရပါမယ်။ ရင်ကပ်ပန်း၊ လက်ကိုင်ပန်း၊ စားပွဲတင်ပန်းကအစ ခန်းမတစ်ခုလုံးစာ အဆုံးပဲ။ ပြီးတော့ အမျိုးအစား၊ အသွေးအရောင်၊ ဈေးနှုန်း ကွဲပြားကြပြန်တယ်။
ပန်ချင်တာ သဇင်၊ ဆောင်တာက နွေလယ်၊ ဒါဆိုမရနိုင်ဘူး။ စံပယ်အစစ်ကလဲ ဆောင်းမှာမရတော့ အောင်စံပယ်ပန်းကုံးဖို့ ဆောင်းစံပယ်တွေ သုံးကြရတယ်။ ဗေဒင်ဆရာပြောလို့ ဘယ်ပန်းသုံးမယ်၊ ဘယ်ပန်း မသုံးဘူး ဆိုတာလဲရှိတယ်။
ရာသီပေါ်လဲဖြစ်၊ ဗေဒင်နဲ့လဲကိုက်ပေမဲ့ အဝတ်အစားနဲ့ မလိုက်တာလဲ ရှိပြန်တယ်။ နိုင်ငံခြားပန်းတွေ လေယာဉ်နဲ့မှာတာ၊ တစ်ခန်းမလုံး မွှေးနေစေချင်တာ၊ မျက်စိတစ်ဆုံး အဖြူပဲမြင်ချင်တာ၊ အတုတစ်ပွင့်မှ မပါချင်တာ စတာတွေရှိပြန်ပါတယ်။
ဒီလို စဥ်စားစရာတွေများတဲ့ မင်္ဂလာပန်းအလှဆင် အကြောင်း အတိုချုပ်ကို အောက်ကလင့်ခ်နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
ယူကျု၌ကြည့်ရှုရန် - https://youtu.be/NllxBbCl62E
ဝေယံမောင်မောင်
ရုပ်သံထုတ်လုပ်ရေးမှူးနှင့် တင်ဆက်သူ
မြန်မာနေရှင်နယ်ရုပ်သံလိုင်း၊ ၂၀၁၄ ခုနှစ်








Comments
Post a Comment