တခြားဘာသာကနေ ဆင်းသက်လာတဲ့ မြန်မာဝေါဟာရ မြောက်မြားပါတယ်။ ဘာသာစကားတိုင်းမှာ မွေးစားစကားလုံးတွေ ရှိမြဲပါ။ တချို့ မြန်မာစကားလုံးတွေကျ မတူတဲ့တစ်နေရာစီက ဆင်းသက်လာတယ်။ ဒါပေမဲ့ မြန်မာစကားလုံးဖြစ်ခါမှ သတ်ပုံတူသွားတာရှိတယ်။ အဲဒီထဲမှာ ပါဠိဘာသာက ဆင်းသက်လာတဲ့ ‘တုရင်’ လဲ ပါဝင်ပါတယ်။
တုရင်
‘ဒုရင်’ လို့အသံထွက်ပါတယ်။ ပါဠိစကား ‘တောရဏ’ ကနေ ဆင်းသက်လာတယ်။ စေတီပုထိုး၊ နန်းတော်၊ ပြာသာဒ်တို့ရဲ့ ထောင့်ချိုးတွေမှာ အလှဆင်ထားတဲ့ အပြောက်အမွမ်းပေါ့။ အနီးအနားက ပြာသာဒ် တစ်ခုခုကိုကြည့်ရင်လဲ တွေ့နိုင်ပါတယ်။
စစ်တုရင်
‘စတုရင်္ဂ’ ဆိုတဲ့ပါဠိကနေ ဆင်းသက်လာပါတယ်။ ‘ဆင်၊ မြင်း၊ ရထား၊ ခြေသည်သူရဲ’ ဆိုတဲ့ ‘စစ်အင်္ဂါ လေးပါး’ ကို ဆိုလိုပါတယ်။ ‘နယ်၊ မြင်း၊ မင်းကြီး’ စတဲ့ အရုပ်တွေကို စစ်တိုက်သလို ကစားရတာပါ။
စစ်တုရင်ကို ‘စတုရင်၊ စစ်ဘုရင်’ စသဖြင့်ရေးတတ်ပေမဲ့ ပြဋ္ဌာန်းသတ်ပုံမှန်ကတော့ ‘စစ်တုရင်’ သာ ဖြစ်ပါတယ်။ အသံထွက်အနေနဲ့ ‘စစ်တုယင်၊ စစ်ဗယင်’ လို့ထွက်ကြတယ်။
Comments
Post a Comment