မန်းတောင်ရိပ်ခိုဟာ မြနန္ဒာမဟုတ်
‘မန်းတောင်ရိပ်ခို’ ကို သင်္ကြန်အမျိုးသားသီချင်းလို့ ဆိုပါရစေ။ မြန်မာနိုင်ငံတင်မက ကမ္ဘာအနှံ့ရောက် မြန်မာတွေရဲ့ သင်္ကြန်သီချင်း ဖြစ်နေပါတယ်။ ‘မန်းတောင်ရိပ်ခို’ ကို ‘မြနန္ဒာ’ လို့ မှားကြတယ်။ ‘မြနန္ဒာ’ က သတ်သတ်ပါ။ ‘မြနန္ဒာ’ ကို နန်းတော်ရှေ့ ဆရာတင်ရေးပြီး စိန်ပါတီဆိုခဲ့ပါတယ်။ ၁၉၃၉ ဇန်နဝါရီမှာ အသံသွင်း ခဲ့လို့ မန်းတောင်ရိပ်ခိုထက် အနည်းဆုံး ၈နှစ်စောပါတယ်။
မန်းတောင်ရိပ်ခိုဟာ မြို့မငြိမ်းရဲ့လက်ရာ
မန်းတောင်ရိပ်ခိုကို မြို့မငြိမ်းက ၁၉၄၇ မှာ စပ်ခဲ့ပါတယ်။ ၁၉၇၅ ထုတ် မြို့မရွှေရတုမဂ္ဂဇင်းမှာလဲ မြို့မငြိမ်းလက်ရာလို့ ဖော်ပြပါတယ်။ မန္တလေးသင်္ကြန်မှာ နှစ်စဉ်ဖြေဖျော်တဲ့ ဝင်းဦးကလဲ မြို့မငြိမ်းရေးကြောင်း အမြဲကြေညာတယ်လို့ စာရေးဆရာဆူးငှက်က ပြောဖူးပါတယ်။
၂၀၀၁ ရောက်တော့ မန်းတောင်ရိပ်ခိုကို ဦးဘသိန်းနဲ့ အေဝမ်းဆရာညှာတို့ပါ ပေါင်းရေးခဲ့တယ်ဆိုပြီး ပြောလာကြတယ်။ ဒါပေမဲ့
၁၊ မြို့မရွှေရတုမဂ္ဂဇင်းမှာ ဦးဘသိန်းကိုယ်တိုင် နာယကလုပ်ထုတ်ဝေပြီး မြို့မငြိမ်းရေးကြောင်း ဖော်ပြခဲ့တာ
၂၊ မြို့မအဖွဲ့ရဲ့ စာအုပ်တိုင်းမှာ မြို့မငြိမ်းရေးကြောင်း ဖော်ပြတာ
၃၊ မြို့မငြိမ်းဟာ ဘယ်တော့မှ ကော်ပီမကူး၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်တိုင်ဖန်တီးတာ
စတဲ့ဂုဏ်ရည်တွေကြောင့် မန်းတောင်ရိပ်ခိုဟာ မြို့မငြိမ်းသာရေးခဲ့ကြောင်း အတည်ပြုလိုပါတယ်။
တေးသံရှင်က ကိုအံ့ကြီး
‘မန်းတောင်ရိပ်ခို’ တေးသံရှင်ဟာ ကိုအံ့ကြီးပါ။ ကျွန်တော် ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူ လုပ်စဉ် ကိုအံ့ကြီးအသက် ၉၁နှစ်ပြည့် မွေးနေ့အစီအစဉ်တို့၊ သီချင်းအစီအစဉ်တို့ကို ၂၀၁၄ မှာ ရိုက်ကူးခဲ့ ပါတယ်။ ကျွန်တော့်ဆီမှာ ကိုအံ့ကြီးရဲ့ မန်းတောင်ရိပ်ခို ဆိုဟန်(၃)မျိုးရှိပါတယ်။ ဒုတိယဟန်ကို သမီးဖြစ်သူ ဒေါ်ခင်မေအံ့ကြီးက အဲတုန်းကပေးခဲ့တာပါ။ မူကွဲသုံးပုဒ်အကြောင်း ပြောပြပါ့မယ်။
ပထမ - ၁၉၅၁ မှာသွင်းယူခဲ့ပါတယ်။ ကျွန်တော်အခုတင်တဲ့ မန်းတောင်ရိပ်ခိုက ဒီဟန်ဖြစ်ပါတယ်။
ဒုတိယ - ၁၉၅၅ ကိုအံ့ကြီးရဲ့ ဂျပန်ဒုတိယခရီးမှာ ဆိုခဲ့ပါတယ်။ မန်းတောင်ရိပ်ခိုနဲ့အတူ ‘အခါတော်ရေသဘင်’ ပါဆိုခဲ့ပါတယ်။ ဂျပန်ပထမခရီး ၁၉၅၃ မှာ ‘ပြုံးတုံ့လှယ်’ နဲ့ ‘အောင်သပြေ (ခ) ရက်မြတ်သင်္ကြန်’ ဆိုခဲ့ပါတယ်။ ဒီသီချင်းအားလုံးကို ဂျပန်NHK ရုပ်သံနဲ့ ရေဒီယိုရဲ့ သံစုံတီးဝိုင်းက တီးခတ်ထားတာပါ။
တတိယ - ၂၁.၄.၁၉၆၁၊ အမေရိကန်-မြန်မာ ချစ်ကြည်ရေး ဂီတဖလှယ်ပွဲမှာ အမေရိကန်အဆိုတော် Steve Addis နဲ့ William Crawford တို့နဲ့အတူ သီဆိုရိုက်ကူးခဲ့တာပါ။ ဒီသီချင်းမှာ “ခါးသေးနွဲ့မူရာကြွယ်” ကနေ “ငွေငန်းထွက်ကာလည်” အထိအပိုဒ်တွေ မဆိုထားပါဘူး။
အခုကျွန်တော်ဖန်တီးထားတဲ့ ဗီဒီယိုထဲက ကိုအံ့ကြီးဆိုဟန်ကို တတိယပုဒ်ထဲက ယူထားပါတယ်။ အသက်ကြီးခန်းကတော့ ၂၀၁၄ မှာ ရိုက်ထားတာပါ။
ပြန်ဆိုသူတွေ စာသားမှားလာကြ
မြို့မငြိမ်းက မန်းတောင်ရိပ်ခိုရဲ့ စာတစ်လုံးစီကို သပ်ရပ်ကျစ်လျစ်စွာ အလင်္ကာမြောက် ဖွဲ့ဆိုသီကုံးခဲ့ပါ တယ်။ ဒါပေမဲ့ ပြန်ဆိုသူများလေလေ စာသားတွေလွဲလေလေ ဖြစ်လာတယ်။ ဒါ့ပြင် စာသားတွေကို မိမိတို့ စိတ်ကြိုက် ပြောင်းဆိုကြတယ်။ ဒါ့ကြောင့် အဓိပ္ပာယ်၊ အသံထွက်၊ ကာရန်နဲ့ အနှစ်သာရတွေ ပျက်ကုန်တယ်။
အနုပညာတစ်ရပ်ဟာ အနုပညာရှင် ဖန်တီးထားတဲ့အတိုင်း ဖြစ်နေဖို့လိုပါတယ်။ ဥပမာ မိုနာလီဇာ ပန်းချီကားကို ဒါဗင်ချီဆွဲတဲ့အတိုင်းပဲ ထိန်းသိမ်းထားရမှာပါ။ ဘယ်လိုမွမ်းမံခြယ်သတာမှ မလုပ်အပ်ပါဘူး။ ဒီအတိုင်းပါပဲ။ မန်းတောင်ရိပ်ခိုကိုလဲ မြို့မငြိမ်းစပ်တဲ့အတိုင်း ထိန်းသိမ်းဖို့လိုပါတယ်။
ဘယ်စာသားတွေ လွဲကြလဲ
စာသားတွေကို တိမ်းရုံလောက်ချော်တာရော၊ လွဲမှားတာရော ရှိပါတယ်။
၁၊ အမှားအများဆုံးကတော့ သီချင်းအမည်ပါ။ ‘မန်းတောင်ရိပ်ခို’ ကနေ ‘မြနန္ဒာ’ ဖြစ်သွားတယ်။
၂၊ နန္ဒာကန်အကြောင်း စပ်ထားလို့ “ရေညိုညို ရစ်ခါသမ်းတယ်” ပါ။ ဒါကို “နေညိုညို ရစ်ခတ်သမ်းတော့” ဖြစ်လာတယ်။ ရေကနေ နေဖြစ်သွားရော။
၃၊ “မောင်နှမအရင်းနှယ်ခင်မင် ချစ်သွေးကြွမိတယ်” ကို “ရှက်သွေးကြွ” ဖြစ်ကုန်တယ်။ မောင်နှမအရင်း တောင် ရှက်စရာတွေဖြစ်လာပြီ။
၄၊ မြို့မမောင်တွေက မန္တလေးသူတွေ ကျန်းမာလားမေးတယ်။ နေကောင်းကြောင်း ပြန်ဖြေကြတယ်။ ဒါဆို ရေပက်ဖို့ပြောတယ်။ ဒီအကြောင်းကို မြို့မငြိမ်းက “ဇာတိမျက်ခြယ်၊ ကျန်းမာပါစသက်လှယ်? ဪ ကောင်းပါလေကွယ်။ ဟင် ပက်လိုက်တော့ကွယ်” လို့ရေးခဲ့တယ်။ အခုပြန်ဆိုကြတော့ “ဪ လောင်းပါလေတယ်။ ဟင် ပက်လိုက်တော့မယ်” တဲ့။ အဓိပ္ပာယ် လုံးဝပျက်သွားတယ်။
၅၊ “လာချေပေါ့ကွဲ့” နဲ့ “ကညာမေကျော့ရဲ့” ကို မြို့မငြိမ်း ကာရန်ကိုက်ထားပေမဲ့ “လာပြီပေါ့ကွယ်” ဖြစ်ကုန်တော့ ကာရန်ပျောက်ထွက်သွားပြန်တယ်။
၆၊ “အတူတူခိုသူ ပျိုဖြူတွေရယ်” လို့ မြို့မငြိမ်းက ‘ခိုသူ’ နဲ့ ‘ပျိုဖြူ’ ကာရန်ကိုက်ရေးခဲ့တယ်။ “အတူတူခိုမယ်” လို့ ဆိုကြတော့ ကာရန်ပျောက်သွားပြန်တယ်။
၇၊ “ယဉ်စစနဲ့ မြင်လိုက်ရတာ” ဆိုပြီး မြို့မငြိမ်းက တစ်ပါဒတည်း တည်တည်ငြိမ်ငြိမ် ရေးခဲ့ပေမဲ့ “ယဉ်စ ယဉ်စ ယဉ်စစနဲ့ မြင်လိုက် မြင်လိုက် မြင်လိုက်ရတာ” ဆိုပြီး ဖြစ်ကုန်ပြန်တယ်။
၈၊ “မြှောက်လို့ပေးတာ” ကနေ “မြှောက်လို့ပြောတာ” ဖြစ်သွားတယ်။
၉၊ “လရောင်ခြယ်” ကနေ “လရောင်ဝယ်” ဖြစ်သွားတယ်။
၁၀၊ “ခိုင်ညှာတံပွင့်လန်း” ကနေ “ခိုင်မာလာတစ်ပွင့်ပန်း” ဖြစ်သွားတယ်။
၁၁၊ “အတိတ်ကောင်းယူမယ်” ကနေ “နိမိတ်ကောင်းယူမယ်” ဖြစ်သွားတယ်။
မူလသီချင်းမှာ “ခင့်မြို့မလာပြီကွယ်” လို့ရေးခဲ့ပေမဲ့ ကိုအံ့ကြီးက “ခင့်မြို့မ” အပြင် “ခင့်ရွှေမန်း” ဆိုခဲ့ပါတယ်။ ‘မြို့မ၊ ရွှေမန်း၊ ငွေငန်း” စတာမျိုးလေးထည့်တာ ရသမြောက်တယ်ပြောရပါမယ်။
မန်းတောင်ရိပ်ခိုဟာ သင်္ကြန်ရဲ့ အသက်သွေးကြောဖြစ်တာမို့ မြို့မငြိမ်းကို ဂုဏ်ပြုလိုတဲ့အာသီသ၊ စာသားမှန်နဲ့ ဆိုစေချင်တဲ့ဆန္ဒကြောင့် မူလစာသားကို ဖော်ပြရင်း နိဂုံးချုပ်ပါရစေ။ စာသားကို ဓာတ်ပုံအနေနဲ့ ဖန်တီးထားတာကို ကွန်းမန့်မှာလဲ ကြည့်နိုင်သလို အောက်ကလင့်ခ်မှာလဲ ဒေါင်းလုပ်နိုင်ပါတယ်။
မန်းတောင်ရိပ်ခို
တေးရေး - အလင်္ကာကျော်စွာ မြို့မငြိမ်း
(ချိုပြုံးရွှင်သော နှမပျိုငယ်
တစ်ကိုယ်လုံးပင်ချော အလှပိုတယ်
မြို့မနဲ့တစ်မိတည်းဖွားလို့ ဆိုတော့မယ်ကွယ်။) ၂
(အမောက်ကလေးတသသနဲ့
မြှောက်လို့ပေးတာမဟုတ်ဘူးကွယ်။) ၂
(ယဉ်စစနဲ့ မြင်လိုက်ရတာ
အဝတ်အစားမှာလဲ အလွန်တင့်တယ်။) ၂
(ထွန်းသစ်စ လရောင်ခြယ်
ခိုင်ညှာတံပွင့်လန်း ပန်းသို့နှယ်။) ၂
ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်။
(မြနန္ဒာ ရေညိုညိုရစ်ခါသမ်းတယ်
ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်။) ၂
ပျော်ခင်းလေး သာပါဘိတယ်
အတိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်။
(ခါးသေးနွဲ့မူရာကြွယ် လှဂုဏ်မြင့်ဖွယ်
မာလာနွယ် ခိုင်ညှာရယ်
တစ်ယောက်ဆိုတစ်ယောက်လို့ အောက်မေ့တယ်
ခင့်ရွှေမန်းလာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမရင်းနှယ် ခင်မင်ချစ်သွေး ကြွမိတယ်။) ၂
(ဇာတိမျက်ခြယ် ကျန်းမာပါစသက်လှယ်?
ဪ… ကောင်းပါလေတယ်
ဟင်… ပက်လိုက်တော့ကွယ်။) ၂
နှစ်ကူးတော့မယ် ခင်ခင်ရယ်
လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ်
မောင်တို့လာချေပေါ့ကွဲ့ ကညာမေကြော့ရဲ့
ငွေငန်းထွက်ကာလည်။

မြို့မငြိမ်း

ယူကျု၌နားဆင်ရန် - https://youtu.be/LqmbH14yzaU
ကောလိယ ဝေယံမောင်မောင်
၁.၄.၂၀၂၂

Comments
Post a Comment