တွဲဖက်စားရင် သေတဲ့စာရင်းမှာ ‘စိန်နဲ့သံပရာ’ ကနာမည်ကြီးပါတယ်။ သံပရာနဲ့တွဲတဲ့စိန်ကို တချို့က ကျောက်မျက်ရတနာစိန် မှတ်နေကြတယ်။ ‘တွဲဖက်မစားသင့်သော အစားအစာများ’ ပညာပေးပိုစတာကြီး မှာတောင် ‘စိန်နှင့်သံပရာ - Diamond and Lime’ လို့ရေးထားလေရဲ့။ ဒါတင်မဟုတ်ဘူး၊ စိန်တုံးကြီးတောင် ပြထားသေးတယ်။ တကယ်က စိန်ဆိုတာ စားစရာမှမဟုတ်ဘဲ။
သံပရာနဲ့တွဲတဲ့ စိန်ဆိုတာ
သံပရာနဲ့တွဲစားရင် သေတဲ့စိန်ဆိုတာ အဆိပ်ပြင်းသတ္တုကြွပ်ကို ပြောတာပါ။ အင်္ဂလိပ်လို အာဆင်းနစ် (Arsenic) ခေါ်တဲ့အရာပါ။ ပါဠိစကား ‘စိန’ ကနေ စိန်ဖြစ်လာပါတယ်။
ကျောက်မျက်စိန်
ကျောက်မျက်ရတနာစိန်ဟာ ပါဠိစကား ‘ဝဇိရ’ ကနေ ဆင်းသက်လာပါတယ်။ အင်္ဂလိပ်လို Diamond ခေါ်တဲ့အရာပေါ့။ ဒီစိန်နှစ်ခုက မူလဘာသာစကားချင်း မတူခဲ့ကြဘဲ မြန်မာစကားဖြစ်တော့မှ တူသွားခြင်းသာ ဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်

Comments
Post a Comment