၄၅၊ တိရစ္ဆာန်ကို ‘ကဏန်း’ လို့ရေးပါ။ ကိန်းအရေအတွက်ကို ‘ဂဏန်း’ လို့ရေးပါ။

 

 

ကဏန်း

            ပင်လယ်စာတို့၊ စားစရာတို့၊ အကောင်တို့နဲ့ပတ်သက်ရင် ‘ဂဏန်း’ လို့လူတိုင်းလို မှားရေးကြတယ်။ တကယ်က ‘ကဏန်း’ ပါ။ အသံထွက်ချင်းတူလို့ ရေးမိကြတာပါ။ ဒါကို သံတူကြောင်းကွဲလို့ ခေါ်ပါတယ်။ တိရစ္ဆာန်ကဏန်းဆိုတာ မွန်ဘာသာ ‘ခတာံ’ ကနေဆင်းသက်လာလို့ သိရပါတယ်။ 

 

ဂဏန်း

            အရေအတွက်ကိုမှ ‘ဂဏန်း’ လို့ရေးပါတယ်။ ဘာလို့လဲဆိုတော့ သူက ပါဠိစကား ‘ဂဏနာ’ ကနေ ဆင်းသက်လာလို့ပါ။ မြန်မာလို ‘၁၊၂၊၃၊၄ သင်္ချာအမှတ်အသား၊ ကိန်းအရေအတွက်၊ ရေတွက်ခြင်းအတတ်’ လို့ အဓိပ္ပာယ်ရပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင်


Comments