၄၆၊ ကော်လံ နဲ့ ကော်လာ မတူပါ

 

 

ကော်လံ နဲ့ ကော်လာ မတူပါ

            ‘ကော်လံ’ နဲ့ ‘ကော်လာ’ ကို အများစုရောထွေးကြတယ်။ အထူးသဖြင့် အင်္ကျီလည်ခွံကို ‘ကော်လံ’ လို့ လွဲရေးတတ်ပါတယ်။ ဒီစကားလုံးတွေရဲ့ မူလက ပြင်သစ်ဖြစ်ပြီး နောက်မှ အင်္ဂလိပ်ဝေါဟာရ ဖြစ်လာခဲ့ပါတယ်။ မြန်မာကိုရောက်လာတော့ အသံထွက်ကို မြန်မာလိုရေးကြပြန်ပါတယ်။

 

ကော်လံ

            ကော်လံ (Column) ဆိုတာ ‘စာတိုင်’ ကိုပြောတာပါ။ သတင်းစာ၊ ဂျာနယ် ထဲကစာပိုဒ်တွေက စာအုပ် ထဲက စာပိုဒ်တွေလိုမဟုတ်ဘဲ တိုင်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒါ ကော်လံပါ။ အင်္ကျီမှာပါတာ ‘ကော်လံ’ မဟုတ်ပါဘူး။ 

 

ကော်လာ

            ‘အင်္ကျီလည်ခွံ’ ကို အင်္ဂလိပ်လို Collar လို့ခေါ်ပါတယ်။ အသံထွက်ကို မြန်မာလိုရေးတော့ ‘ကော်လာ’ လို့ရေးပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင်
 

Comments