ကျွန်ုပ်လက်ရာ ၂၉၊ ခြံကထွက်တဲ့ ကိုရီးယားချဉ်ဖတ်

 





        ဆောင်းရာသီဆို အဖေစိုက်လေ့ရှိတဲ့ သီးရွက်ခင်းက ရွက်စိမ်းတွေထိုးထောင်နေတတ်တယ်။ အိမ်မှာ ရှေးအမွေ စဉ့်အိုးရွယ်စုံရှိတော့ ချဉ်ဖတ်တည်ရင်အသင့်ပေါ့။ သည်ရက်ပိုင်း မြူတွေဆိုင်း၊ ရေစိုထိုင်းတော့ မုန်ညင်းချိုလေးတွေ နုလွန်းကျွတ်လွန်းတယ်။ ခေတ်အကြိုက်၊ ခေတ်အလိုက် ကင်မ်ချီလို့ခေါ်တဲ့ ကိုရီးယား ချဉ်ဖတ် တည်မဟဲ့ဆိုပြီး သားအဖနှစ်ယောက် ချိုးကြဖဲ့ကြသပေါ့။

 

            ချဉ်ဖတ်တည်တယ်ဆိုတာ လုပ်နည်းတွေ ဘယ်လိုကွဲကွဲ ကျောရိုးထဲကမထွက်ပါဘူး။ ကင်မ်ချီကိုလဲ လူအတော်များများ လုပ်တတ်နေပါပြီ။ ဒါ့ကြောင့် သည်နေ့ကျွန်ုပ်လက်ရာမှာ လုပ်နည်းထက် ပုံမြည်းကို ပေးလိုက်ခြင်းပါ။ သည်ရက်ပိုင်းတော့ ချဉ်ဖတ်နဲ့ထမင်း ဟင်းတစ်ဖြစ်လဲပြီပေါ့။ မြန်မာပြည်မှာ ချဉ်ဖတ်က ဟင်းရံဘေးကဟင်းရံပါ။ ကိုရီးယားမှာတော့ နိုင်ငံတော်စားဖွယ်ပေါ့။ အင်း… ဟင်းဆိုတာလဲ ကြိုက်ဖို့သာ ပဓာနပါလေ။ 

 

ကောလိယ ဝေယံမောင်မောင်

၂၆.၁၂.၂၀၂၁

Comments