၄၈၊ ‘အမွှာ’ မှား၊ ‘အမြွှာ’ မှန်

 

      

         ‘အမြွှာ’ ဆိုတဲ့ သတ်ပုံမှန်ရေးကြတာ မမြင်မိသလောက်ပဲ။ ‘အမွှာ’ ဆိုတဲ့ သတ်ပုံမှားပဲမြင်မိပါတယ်။ ‘မြွှာ’ ဆိုတာ အစိတ်စိတ်ခွဲဖြာခြင်းသဘော၊ တစ်ခုနဲ့တစ်ခု ဆင်တူတဲ့သဘောပါ။ 

အမြွှာ
 
        အမြွှာ၊ ရေမြွှာ၊ ကလေးအမြွှာ၊ ထီလက်မှတ်အမြွှာ၊ ဒူးရင်းသီးအမြွှာ၊ နှစ်မြွှာ၊ သုံးမြွှာ၊ လေးမြွှာ စသဖြင့် တစ်ခုနဲ့တစ်ခုဆင်တူဆို ‘အမြွှာ’ လို့သုံးပါတယ်။ ‘အမွှာ’ လို့သုံးနေကြတဲ့ စကားလုံးတွေကို ‘အမြွှာ’ လို့ရေးရင် မှန်သွားပါပြီ။


မြွှာ
        ‘အသားကိုမြွှာတယ်။ ကျွဲကောသီးကို မြွှာတယ်။ လိမ္မော်သီးကိုမွှာတယ်။’ စတဲ့ အစိတ်စိတ်ခွဲခြာတာကို ‘မြွှာ’ လို့ရေးရပြန်ပါတယ်။ ‘မြွှာ’ ဟာ နွှာတို့၊ ခွာတို့နဲ့ အဓိပ္ပာယ်မတူပါဘူး။ 
 

ကောလိယ ဝေယံမောင်မောင်

#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်



Comments