အများစုက ဒီနှစ်ခုကိုရောထွေး ရေးမိတတ်ပါတယ်။ ဥပမာ ‘ဆုလာဘ်’ ကို ‘ဆုလဒ်’ လို့မှားရေးတာမျိုး။ ‘ရလဒ်’ ကို ‘ရလာဒ်’ လို့ မှားရေးတာမျိုးပါ။
ဆုလာဘ်
‘ဆုလာဘ်’ ဆိုတာ ‘ဆု’ နဲ့ ‘လာဘ်’ ပေါင်းစပ်ထားတာပါ။ ‘ဆု’ ဆိုတာ တောင့်တတဲ့အရာ (ဆုတောင်း)၊ ချီးမြှင့်ခံရတဲ့အရာ (ဆုရ)၊ မဲပေါက်တဲ့ငွေ (ဆုငွေ) ဖြစ်ပါတယ်။ ‘လာဘ်’ ဆိုတာ ပါဠိစကား ‘လာဘ’ ဖြစ်ပြီး ရရှိတာ၊ ရရှိတဲ့ပစ္စည်း၊ အကျိုးမျှော်ပြီးပေးတဲ့ ငွေကြေးပစ္စည်း တို့ကိုဆိုလိုပါတယ်။ ဒါ့ကြောင့် ‘ဆုလာဒ်’ လို့ ရေးမှ မှန်လဲမှန်၊ အဓိပ္ပာယ်လဲရှိပါတယ်။
ရလဒ်
‘ရ’ ဆိုတဲ့မြန်မာစကားနဲ့ ‘လဒ္ဓ’ ဆိုတဲ့ပါဠိစကား ပေါင်းစပ်ပြီး ‘ရလဒ်’ ဖြစ်လာပါတယ်။ တွက်ချက်ရရှိ တဲ့ကိန်း၊ လုပ်လို့ဖြစ်လာတဲ့အကျိုးဆက် တို့ကိုဆိုလိုပါတယ်။ ‘ရလဒ်’ မှာ ‘ရေးချ’ မပါပါဘူး။ ဒါပေမဲ့ ‘ဆုလာဘ်’ နဲ့ ရောထွေးမိတဲ့အခါ ‘ရလာဒ်’ ဆိုပြီး မှားရေးမိတတ်ပါတယ်။

Comments
Post a Comment