ကျွန်ုပ်လက်ရာ ၄၀၊ ဥကုလားဟင်း

    ကျွန်တော့်မီးဖိုဆောင်မှာ ဟင်းခတ်အမွေးအကြိုင်စုံ တစေဖြည့်ထားတယ်။ မြန်မာနဲ့ အိန္ဒိယဆိုတာ ဟင်းခတ်အမွှေးအကြိုင် အလျှံပယ်ထွက်တာ။ အင်္ဂလိပ်တွေသိမ်းခဲ့ကြတာ ဒီအချက်ကြောင့်လဲပါတယ်။ နယ်မြေသစ်ရှာတဲ့  ‘ဗတ်စကို ဒဂါးမား’ ဆိုရင် အိန္ဒိယက ဟင်းခတ်အမွှေးအကြိုင်တွေ ပေါ်တူဂီကို သင်္ဘောနဲ့ သယ်တာ။ (၁၄၉၂)မှာ  သင်္ဘောပေါ်ကဟင်းခတ်တွေကို ပင်လယ်ဓားပြတွေ သိမ်းယူသတဲ့။ ဘာလို့လဲဆိုတော့ အဲတုန်းက ဟင်းခတ်က ရွှေထက်ရှားသတဲ့လေ။

ကြက်ဥ (သို့) ဘဲဥ

ကြက်သွန်ဖြူ

ကြက်သွန်နီ

ချင်း

ပျဉ်းတော်သိမ်

ဟင်းခတ်အ‌မွှေးအကြိုင်စုံ

ဆီ

ဆား

နနွင်း

            ကြက်ဥကိုပြုတ်၊ အခွံခွာပြီး ဓားနဲ့မွှမ်းပါတယ်။ ရွှေဝါရောင်သမ်းအောင် ကြော်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ထောင်းထားတယ်။ ပျဉ်းတော်သိမ်ရွက်ကို သန့်စင်ပြီးခြွေထားတယ်။ ဟင်းခတ်တွေကို ထောင်းတန်ထောင်းပါတယ်။

            ဒယ်အိုးပူရင် ဟင်းခတ်အမွှေးအကြိုင်စုံကို အဆင့်လိုက် ဆီသတ်တယ်။ ခဏနေတော့ ကြက်ဥ၊ ဆားနဲ့ ရေထည့်ပြီး အနှစ်ကျပြီးဆီပြန်တဲ့ထိ ချက်ပါတယ်။ အအီပြေချင်ရင် မန်ကျည်းမှည့်လေး အရည်ဖျော်ထည့်လို့ ရသေးတယ်။ ဒါကတော့ ကျွန်တော်ကြိုက်တဲ့ ဥကုလားချက်ပါပဲဗျာ။

ကောလိယ ဝေယံမောင်မောင်

၆.၅.၂၀၂၂ 

Comments