ရန်ကုန်၊ ဇွန်၊ ၂၀၂၂ Personal Grading Course

 Personal Grading Course

ကိုယ်ရည်ကိုယ်သွေးမြင့်သင်တန်း
ရန်ကုန်၊ ဇွန်လ

သင်တန်းသားများရဲ့ စေတနာ့မှတ်ဉာဏ် ရင်တွင်းသံ
.

● လွင်မီမီကို (ဦးမေတ္တာ၏ဇနီး)

နေထိုင်မှုပုံစံသစ်တစ်ခု ရရှိသွားသလို ခံစားရပါတယ်။ Personal Grading သင်တန်းကြောင့် ဒီထက်ပိုပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ဦး ဖြစ်လာဖို့ ကြိုးစားသွားပါ့မယ်။ စိတ်ဓာတ်တွေလဲ ပိုတက်ကြွလာလို့ သင်ကြားပေးတဲ့ဆရာ့ကို ကျေးဇူးတင်ပါတယ်။

● အိအိမော်

ဆုံ‌တွေ့ခွင့်ရတာ ဝမ်းသာတယ်ဆရာ။ ‌စေတနာပါပါ သင်ပြပေးတာတွက်လဲ ကျေးဇူးတင်တယ်။ ဆရာဂုဏ်ယူရတဲ့ သူတ‌စ်ယောက် ဖြစ်အောင်လုပ်မယ်။

● အေးချမ်းသာ

ဆရာနဲ့ အခုလိုသင်ခွင့်ရတာ ကျေးဇူးတင်ပါတယ်။ သိသမျှကို ချန်မထားဘဲ အကုန်ပြောပြ ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ နောက်သင်တန်းတွေလဲ လာတက်ပါအုံးမယ်။ ပျော်ပျော်ပါးပါး ရယ်မောပြီး သင်ပေးတဲ့အတွက် တအားပျော်ရပြီး စိတ်ဖိစီးမှုတွေလဲ လျော့သွားခဲ့ရပါတယ်။

● စည်သူမင်းသန့်

ပျော်ရွှင်ရပါတယ်။

● သင်တန်းသူတစ်ဦး

ဒီသင်တန်းမှာ လူတစ်ဦးအတွက် စမတ်ကျကျ နေထိုင်သင့်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ အပြုအမူ၊ အနေအထိုင် ကောင်းမွန်အောင် အကြံဉာဏ်ကောင်းတွေ ရရှိလာပါတယ်။ ဆရာ့သင်ကြားမှုအားလုံးက အကျိုးဖြစ်စေလို့ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

.

● သင်တန်းဆရာ ကျွန်တော်၏ အမှတ်တရစကား

စေတနာနဲ့ ပျော်ရွှင်မှု လှိုင်လှိုင်တွေ့ရတဲ့ ဒီအတန်းသားတွေနဲ့ သင်ခဲ့ရ၊ ပျော်ခဲ့ရတာက မမေ့နိုင်စရာပါ။ နေ့သစ်တိုင်းမှာ ပညာရပ်အစုံကို အသုံးချနိုင်ကြပါစေဗျာ။

ကောလိယ ဝေယံမောင်မောင်
ဇွန် ၂၃-၂၅၊ ၂၀၂၂

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#PersonalDevelopment
#PersonalGrooming
#PersonalGrading
#Mentor
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်














Comments