၅၆၊ တိရစ္ဆာန်၊ တလိတ်ဆန် (မှား) တရိတ်ဆန် (မှန်)

 

    ‘တိရစ္ဆာန်’ ဆိုတဲ့စကားလုံးရဲ့ အသံထွက်မှန်က ‘တရိတ်ဆန်’ ပါ။ ဒါပေမဲ့ သတင်းကြေညာတာ၊ အစီအစဉ်တင်ဆက်တာ၊ နေ့စဉ်ပြောဆိုတာတချို့မှာ ‘တလိတ်ဆန်’ လို့ မကြာခဏကြားမိပါတယ်။ ပုရွက်ဆိတ် ကို သူ့အသံထွက်အတိုင်း ‘ပယွက်ဆိတ်’ လို့မပြောဘဲ ‘ပဝဲဆိတ်’ လို့ပြောကြတာမျိုးပေါ့။ 

 

တိရစ္ဆာန်ဆိုတာ

        ပါဠိစကား ‘တိရစ္ဆာန’ (Tiracchāna) က ဆင်းသက်လာပါတယ်။ အင်္ဂလိပ်လို Animal ပေါ့။ ဗုဒ္ဓဘာသာ မှာ (၃၁)ဘုံရှိပါတယ်။ ဗြဟ္မာ့ဘုံ(၂၀)၊ နတ်ဘုံ(၆)၊ လူ့ဘုံ(၁)၊ အပယ်ဘုံ(၄) ပေါင်းလိုက်တော့ (၃၁)ဘုံပါ။ အပယ်(၄)ဘုံထဲမှာ တိရစ္ဆာန်ဘုံ ပါပါတယ်။ ပါဠိလို တိရစ္ဆာန်အထီး (Male Animal) ကို ‘တိရစ္ဆန ပုရိသ’  လို့ခေါ်ပြီး၊ တိရစ္ဆာန်အမ (Female Animal) ကို ‘တိရစ္ဆာန ဂတိတ္ထိ’ လို့ခေါ်ပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင်

၁၀.၈.၂၀၂၂

 

#စကားနှင့်စာမှတ်စရာ

#ကောလိယ ဝေယံမောင်မောင်

 

Comments