ကျွန်ုပ်လက်ရာ ၄၇၊ ဟင်းနနယ်သုပ်နှစ်မျိုး

 






        အနောက်တောင်မုတ်သုန်လေစု ဗဟိုပြုတဲ့ရက်မို့ ခြံထွက်တို့က စိမ်းစိမ်းစိုစိုပေါ့။ ဟင်းရွက်စုံက မဟာ ပထဝီမြေထုပေါ်ကို ကျားပျံရဲ့အားမာန်အလား ထိုးတက်နေကြတယ်။ ခြံထဲမှာ အရွက်သေး၊ အရွက်ကြီး၊ အရွက်နီ ဟင်းနနယ်အစုံရှိတယ်။ မိုးစက်တွေကြောင့် သန့်ရှင်းလတ်ဆတ်နေတဲ့ ဟင်းနုနယ်ရွက်လေးတွေကို ဆိတ်ကာဖဲ့ကာခူးပြီး သွပ်ပုံးကြီးထဲထည့်နေတာ ပြည့်ပြီ။ ဒီတစ်ခါ လက်သုပ်သုပ်မယ်ရည်စူးရဲ့။

 

ဟင်းနုနယ်

မြေပဲ

နှမ်း

ကြက်သွန်နီ

ပဲမှုန့်

ငရုတ်သီးအကြော်မှုန့်

ဆီ

ဆား

 

    ဟင်းနုနယ်ကို အဆိမ့်ရယ်၊ ချဉ်စပ်ရယ် နှစ်မျိုးသုပ်မယ်။ အဆိမ့်သုပ်ဖို့ အရွက်တွေကို ရေနွေး တစ်ပွက်ဆူစာလောက် ဖြောပြုတ်မယ်။ ချဉ်စပ်သုပ်ဖို့ အရိုးနုလေးတွေကို ဆတ်တောက်မကျ၊ အိအိမကျ ပြုတ် မယ်။ ကြက်သွန်နီပါးပါးလှီးဆီသတ်မယ်၊ မြေပဲကြော်ပြီးထောင်းမယ်။ အဆိမ့်သုပ်မယ်ဆို ကြက်သွန်နီဆီချက်၊ မြေပဲထောင်း၊ နှမ်း၊ ပဲမှုန့်၊ ငရုတ်သီးအကြော်မှုန့်၊ ဆား တို့နဲ့နယ်မယ်။ ချဉ်စပ်ဖို့ကျ ခရမ်းချဉ်သီး၊ ကြက်သွန်နီ အစိမ်း၊ သံပရာသီးတို့ထည့်ပြီး သုပ်ပါမယ်။ ဒါဆိုရင် ထမင်းနဲ့စားစား၊ သူ့ချည်းမြည်းမြည်း အရသာရှိ ငွေကုန် သက်သာတဲ့ သတ်သက်လွတ်အသုပ်ရပြီပေါ့ဗျာ။ 

 

ကောလိယ ဝေယံမောင်မောင်

၂၁.၈.၂၀၂၂

 

#ကျွန်ုပ်လက်ရာ

#ကောလိယဝေယံမောင်မောင်

Comments