ဝသန်ရာသီကို ဝါးသန်ရာသီလို့ ပြောရင်ရမယ်။ မိုးရာသီရောက်ရင် ဝါးတွေသန်လို့ မျှစ်တွေလှိုင်သပေါ့။ တကယ်တော့ ဝသန် (ခ) ဝဿာန်က ပါဠိစကားပါလေ။ ဝါးနဲ့တော့ဘာမှမဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မျှစ်စိမ်းတွေ အမျိုးမျိုးချက်ခွင့်၊ ဆွမ်းကပ်ခွင့်ရလို့ ဝသန်ရာသီကိုကျေနပ်မိတာတော့ အမှန်။
ဝက်သား
မျှစ်စိမ်း
ကြက်သွန်နီ
အရောင်တင်မှုန့်
ငံပြာရည်
မျှစ်စိမ်းဆိုတာ အစိမ်းမချက်သင့်တဲ့အရာ။ ဆိုင်နိုဂျန်နစ် ဂလိုက်ကိုဆိုက် အဆိပ်တွေပါသတဲ့။ ရှေးလူကြီးတွေဆို ရေနာနာပြုတ်သွန်ကြတာ။ ကျွန်တော်လဲသေချာပြုတ်ပြီး ဝက်သားနဲ့လိုက်တဲ့အတုံးတွေ တုံးထားလိုက်တယ်။ မျှစ်စပြုတ်ကတည်းက ဝက်သားကို ငံပြာရည်၊ အရောင်တင်မှုန့်နဲ့ နယ်နှပ်ထားတယ်။
ဟင်းအနှစ်ထွက်လာအောင် ကြက်သွန်နီဥလှီးပြီး လုံးချက်ချက်လိုက်တယ်။ မျှစ်တစ်ပြန်ဝါးတစ်ပြန် နပန်းလုံးပြီး သူ့အရသာကိုယ့်အရသာ ဓာတ်ကူးကြပလေ့စေ။ ထင်းမီးနဲ့နှပ်ရင် သာပြီးကောင်းသေးတယ်။ အနှပ်ဟင်းဆိုတော့ ရေတွေ စေတနာနဲ့မထည့်ဘူး။ ခမ်းရင် ဖြည့်ဖြည့်ပေးတယ်။ မွှေပေးတယ်။ အိုးဖွင့်ရင်တော့ ဟင်းရနံ့က ထောင်းခနဲဝေါင်းခနဲ မွှေးတက်လာတာပေါ့။ ဝက်သားနူးပြီဆိုရင်တော့ ရာသီပေါ်ဝက်မျှစ်စိမ်းချက် လျှာရင်းမြက်ပြီပေါ့ဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၁.၉.၂၀၂၂
#ကျွန်ုပ်လက်ရာ
#ကောလိယဝေယံမောင်မောင်






Comments
Post a Comment