အထူးဝမ်းနည်းကြေကွဲခြင်း

 

အထူးဝမ်းနည်းကြေကွဲခြင်း

စည်သူ ဒေါက်တာ ခင်မောင်ညွန့်၊ (၉၃)နှစ်

မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာထူးချွန်တံဆိပ် (ပထမအဆင့်)

 

ကျွန်ုပ်အား စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု ပညာများပို့ချခဲ့သော အနန္တကျေးဇူးရှင်ကြီး မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဝိဇ္ဇာထူးချွန်တံဆိပ် (ပထမအဆင့်)၊ စည်သူ ဒေါက်တာ ခင်မောင်ညွန့်၊ အသက်(၉၃)နှစ်သည် (၂၀၂၂)ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်၊ ညဉ့်(၈)နာရီက အနိစ္စရောက်ခဲ့၍ အထူးဝမ်းနည်းကြေကွဲရပါသည်။ ကျွန်ုပ်၏တပည့်များကို ကျွန်ုပ်ပို့ချနေသောပညာများသည် ဆရာကြီး၏ပညာများပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ စံပုဂ္ဂိုလ်ဆရာကြီးကို အဝေးမှ ခြေစုံဦးခိုက်ကာ ရိုကျိုးစွာကန်တော့လိုက်ပါသည်။

ဆရာကြီးသည် ကွယ်လွန်သည်ထိ တောင်ဝှေးတစ်ချောင်းဖြင့် သင်တန်းလာရောက်ပို့ချခြင်း၊ ကပ်ကာလ၌အွန်လိုင်းဖြင့်ပို့ချခြင်း၊ ဆောင်းပါးပေါင်း(၃၀၀၀)ကျော်နှင့် စာပေများစွာရေးသားခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထမ်းဆောင်ခဲ့သောတာဝန်များ

သမိုင်းပညာရှင်

ယဉ်ကျေးမှုပါရဂူ

လန်ဒန်တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးပါရဂူ

ဝါရင့် စာရေးဆရာနှင့် သုတေသနဆရာ

တက္ကသိုလ်များ၏ ပါမောက္ခ၊ ဌာနမှူး

(မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်)

ဌာနများစွာ၏ ညွှန်ကြားရေးမှူးချုပ်

(အနုပညာဦးစီးဌာန၊ နိုင်ငံတော် သမိုင်းသုတေသနဦးစီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားမှုဦးစီးဌာန)

မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ပြုစုရေးအဖွဲ့ဥက္ကဌ

အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် (၂၀၀၉)

Myanmar Perspective မဂ္ဂဇင်းစာတည်းမှူးချုပ်

နိုင်ငံတကာသို့သွားရောက်သော ယဉ်ကျေးမှု၊ သမိုင်းအဖွဲ့ခေါင်းဆောင်

 

ကောလိယ ဝေယံမောင်မောင်











Comments