ကျွန်ုပ်လက်ရာ ၅၁၊ သံပရာသီးသနပ်

 









          ကျွန်တော်အလုပ်ရဆုံး တာရှည်ခံစားစရာက သနပ်ပါ။ သံပရာသီး၊ သံပရိုသီး၊ ရှောက်သီး၊ သရက်သီး၊ မရန်းသီး၊ ခံသီး စတာတွေကို ပိဿာချီလုပ်ဖြစ်ခဲ့တာ။ ရောင်းတာမဟုတ်ပါဘူး။ အရောင်းလဲ ဝါသနာမပါပါဘူး။ ကျေးဇူးရှိသူတွေစားဖို့ ပိုပို့ပေးတာပါ။ ခံတွင်းရှင်း၊ ထမင်းမြိန်စေ အိန္ဒိယရိုးရာသနပ်ကို ကျွန်တော်ကတော့ နည်းအမျိုးမျိုးနဲ့ လုပ်ပါတယ်။ အခုနည်းကတော့ အလွယ်ဆုံးနည်းပါ။ အလုံးလိုက်သနပ်၊ အစိတ်အမွှာသနပ် စိတ်ရှိသလို လုပ်ဖြစ်တာလေးတွေ ပုံနဲ့ဖော်ပြထားပါတယ်။

သံပရာသီး

ကြက်သွန်ဖြူ

ဟင်းခတ်ပစ္စည်းစုံ

အရောင်တင်မှုန့်

ဆီ

ဆား

            သံပရာသီးစိမ်းတွေကို ရက်ကြိုတင်ပြီး သန့်စင်တာ၊ ဆားသိပ်တာ၊ နှပ်တာတွေ လုပ်ထားရပါတယ်။ အလုံးလိုက်ဆို ဓားနဲ့မွှမ်းရတယ်။ စိတ်ချင်ရင်လဲရပါတယ်။ ဘူးထဲထည့်ပြီး မှိုမတက်အောင် လေလုံလုံမှာ ထည့် နှပ်ထားပါတယ်။ နပ်သွားတဲ့အခါ ဟင်းခတ်ပစ္စည်းစုံကို အရင်ကြိတ်မယ်။ ဆီအပူပေးမယ်။ ဟင်းခတ်တွေကို အဆင့်လိုက်ထည့်ပါမယ်။ ခဏနေရင် အရောင်တင်မှုန့်နဲ့ သံပရာသီးနှပ်တို့ ထည့်ရမယ်။ အေးအောင်ထားပြီးရင် ကြက်သွန်ဖြူထည့်မွှေပေါ့။ နောက်တော့ ကိုယ်ထည့်ချင်တဲ့ပုလင်း၊ ဘူးတို့ထဲ ထည့်သိမ်းလို့ရပါပြီ။

 

ကောလိယ ဝေယံမောင်မောင်

၁၉.၁၂.၂၀၂၂

 

#ကျွန်ုပ်လက်ရာ

#ကောလိယဝေယံမောင်မောင်

Comments