သင်တန်းတက်ခဲ့သူများဖို့ ဘာတွေဖန်တီးပေးရမလဲ အမြဲစဉ်းစားနေတဲ့ကျွန်တော် အစီအစဉ်တစ်ခုကို (၂၀၂၂)မှာ စတင်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲဒါက “တပည့်များနဲ့စကားစမြည်” ဆိုတဲ့အစီအစဉ်ပါ။
ကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်းတွေ၊ တင်ဆက်ခြင်းသင်တန်းတွေမှာ နယ်ပယ်စုံ၊ ဒေသစုံက ပညာရှင်တွေ၊ ဝါသနာရှင်တွေ များစွာလာတက်ခဲ့ကြပါတယ်။ ကျွန်တော်က သူတို့ရဲ့ ဝါသနာ၊ လုပ်ငန်းနဲ့ အမှတ်တရတွေအကြောင်း စကားစမြည် မေးမြန်းတင်ဆက်နေပါတယ်။
ဒီအစီအစဉ်ကို ကိုနေကာရံ (Nay Kar Yan Photography) က ရိုက်ကူးပုံဖော်ပေးနေပြီး ကျွန်တော့်လူမှုကွန်ရက်တွေကနေ (၂၀၂၃)အတွင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်

Comments
Post a Comment