Shin Rai International Vocational Institute
ပန္နက်တင်မင်္ဂလာMC - ဝေယံမောင်မောင်၊ တင်မိုးလွင်
အမေစုမိန့်ခွန်းတွေ အပြင်မှာနားထောင်ခဲ့တာ ၂၀၁၂၊ မတ်လ ၃ရက်၊ မန္တလေး၊ အောင်ပင်လယ်ကွင်းမှာ စခဲ့ပါတယ်။ ဒီနေ့ထိ အပြင်မှာရော၊ ရုပ်သံမှာပါ မလွတ်စတမ်းပါ။
အခမ်းအနားမှူးအဖြစ် တစ်နေ့ကဆောင်ရွက်ခဲ့တဲ့ ပန္နက်တင်ပွဲမှာတော့ ''ပညာ၊ ဆရာ၊ ပြည်သူ့နီတိနဲ့ စီးပွားရေး'' တို့အကြောင်း ကျွန်တော့်ရှေ့ လက်သုံးလေးကမ်း အကွာမှာပြောတဲ့ မိန့်ခွန်းကို ကြားနာခဲ့ရတယ်။
ကြိုးစားမှုနဲ့ပတ်သက်ပြီး
''တခြားလူတွေနောက်ပဲ အမြဲလိုက်နေလို့မဖြစ်ဘူး။ တစ်ခါတလေ တခြားလူတွေနောက်လိုက်ရတာ ပိုပြီးတော့လွယ်ပါတယ်။ အနောက်လိုက်သွားတယ်ဆိုတာ တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့နော်။
ဒါပေမဲ့ တစ်ယောက်တည်းလျှောက်သင့်ရင်တော့ လျှောက်ရမှာပဲ။''
ပညာနဲ့ပတ်သက်ပြီး
''တစ်ခါတလေ ပညာတတ်ကြီးတွေက ပညာမတတ်တဲ့သူတွေထက် ဆိုးတဲ့နေရာမှာပိုတယ်။ ပညာတွေနဲ့ ဘယ်လိုနည်းနဲ့ဆိုးရမယ်ဆိုတာ ပိုသဘောပေါက်တယ်။ အဲဒါ ပညာကိုအလွဲသုံးစားလုပ်တာပဲ''
ကောလိယ ဝေယံမောင်မောင်
၂၈.၁၂.၂၀၁၉၊ နံနက်(၈)နာရီ
လေးထောင့်ကန်ကျေးရွာ၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
#WaiYanMaungMaung
#MCWaiYanMaungMaung
#PresenterWaiYanMaungMaung
#MC #Presenter #Host #Announcer
#AungSanSuuKyi #အောင်ဆန်းစုကြည် #အမေစု











Comments
Post a Comment