တွံတေးမြို့ရဲ့ နောက်ဆုံးကျန်ရက်ကန်းရုံ
တစ်ချိန်က တွံတေးမှာ လက်ရက်ကန်းရုံတွေရှိခဲ့ပေမဲ့ ခုတော့ ဦးစိန်ကုလားပဲ ကျန်ပါတော့တယ်။ အရင်ခေတ် အင်တာဗျူးတစ်ခုမှာ ဦးစိန်ကုလားတို့ ပုဆိုး၊ ထဘီ၊ လွယ်အိတ်၊ တဘက် အစုံရက်တာ ကြည့်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်ချိန်မှာတော့ လွယ်အိတ်သတ်သတ်ပဲ ရက်ပါတော့တယ်။
ဒီနေ့ခေတ် ကျောင်းသားအစ စာရေးဆရာအလယ် အလုပ်သမားအဆုံး လွယ်အိတ်အသုံး နည်းလာပြီမို့ နောင်များဖြင့် လွယ်အိတ်ပျောက်လေမလား တွေးပူမိပါတယ်။ တစ်လုံးမှ အသေး ၂၀၀၀-၂၅၀၀၊ အကြီး ၃၀၀၀-၃၅၀၀ ပဲပေးရတဲ့ အိတ်လေးတွေ လွယ်ကြည့်ရင်း ငယ်ဘဝကို အမှတ်ရမိပါတယ်။
လက်ရက်ကန်းပျောက်မှာကြောက်လို့ ထိန်းသိမ်းနေတဲ့ ဦးစိန်ကုလားတို့လို ပညာသည်များကို ဆက်လက်အားပေးနေပါတယ်။ ပို့ဆောင်ပေးတဲ့ တွံတေးသား ဇေယျာမျိုးဇင်ကို ကျေးဇူးတင်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
#ကောလိယဝေယံမောင်မောင်
#တွံတေးရက်ကန်း #လွယ်အိတ် #ရက်ကန်း







Comments
Post a Comment