တပေါင်းလပြည့် အဖေနေ့ (အဖေများနေ့မဟုတ်)

• အဖေနေ့သမိုင်း 

          တပေါင်းလ၌ ဂေါတမဘုရားရှင် ကပိလဝတ်နေပြည်တော်ကြွချီ၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို မဟာဓမ္မပါလ ဇာတ်တော်ကြီး ဟောကြားတော်မူခဲ့သည်။ သားတော်ဟောကြားသည့် တရားတော်ကို နာကြားရသဖြင့် သုဒ္ဓေါဒနမင်းကြီး အနာဂါမ်တည်သည်။ ထို့နောက် အရတ္တဖိုလ်ဆိုက်သွားခဲ့သည်။ အနာဂါမ်ဆိုသည်မှာ ကာမရာဂခေါ်သော တဏှာ၊ လောဘနှင့် ဒေါသတရားများ အကြွင်းမဲ့ ပယ်ပျောက်သွားသူ ဖြစ်သည်။ လူ့ဘုံတွင် နောက်တစ်ကြိမ်ပြန်၍ ပဋိသန္ဓေမတည်ရတော့ဘဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်သည်။ အချို့အနာဂါမ်များမှာ ဗြဟ္မာဘုံ(၂၀)မှ ရူပဘုံ၊ အရူပဘုံတို့တွင် ပဋိသန္ဓေတည်ပြီးမှ ပရိနိဗ္ဗာန်စံဝင်သည်။

          ဘုရားရှင်က ဤတပေါင်းလပြည့်၌ ဖခင်ဖြစ်သူကို မြတ်နိဗ္ဗာန်ကိုပို့ဆောင်ပေးသည့် တရားတော် ဟောကြားတော်မူခဲ့သဖြင့် မျက်မှောက်ခေတ်တွင် တပေါင်းလပြည့်ကို အဖေနေ့ဟုသတ်မှတ်သည်။ (အချို့က အဖေ့နေ့၊ အဖေများနေ့ဟု အရေးလွဲကြသည်။) မန္တလေးမြို့တွင် (၂၀၀၈)ခုနှစ်မှစတင်၍ အဖေနေ့ အခမ်းအနား၊ စာပေဟောပြောပွဲနှင့် ကဗျာ၊ ဝတ္ထုပြိုင်ပွဲကျင်းပသည်။

          မြန်မာတွင်ကျင်းပသော 'အဖေနေ့'သည် ကမ္ဘာတွင်ကျင်းပသော 'အဖေ့နေ့' (Father's Day) နှင့်မတူပါ။ မြန်မာ 'အဖေနေ့' သည် တပေါင်းလပြည့်ဖြစ်ပြီး ကမ္ဘာ၏ 'အဖေ့နေ့' သည် ဇွန်လ တတိယပတ်၏ တနင်္ဂနွေနေ့ဖြစ်သည်။

ဘဝအဆက်ဆက် ဖခင်များကို ရှိခိုးပါသည်။
ကောလိယ ဝေယံမောင်မောင်

အဖေနေ့သမိုင်းကို
၂၀၁၈၊ မတ်လထုတ် The CHIC မဂ္ဂဇင်း၌ ကျွန်ုပ်ရေးခဲ့သော
"တပေါင်းလ၏ပုံရိပ်လွှာများ" မှကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန် လင့်ခ်များ
ဝဘ်ဆိုက် shorturl.at/huzAO
Kawliya FB shorturl.at/mMRXY
Kawliya Wai Yan Maung Maung FB shorturl.at/hkCP6

#တပေါင်းလပြည့် #အဖေနေ့

ကျွန်ုပ် ပထမအကြိမ်ရှင်ပြုစဉ် (၂၆.၃.၁၉၉၄) 

ပြင်ဦးလွင်မြို့ ငှက်ခြောက်ပင်များအနီး (၁၆.၁၂.၂၀၁၈)

ကျွန်ုပ်ကို Talents & Models ၏ ပထမဆုံးနှင့် တစ်ဦးတည်းသောဆရာအဖြစ် ခန့်အပ်ပွဲ၌ (၂၅.၁၂.၂၀၁၉)

ကျွန်ုပ် အဘိဓမ္မဓရဘွဲ့ယူခြင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားမှူး ဆောင်ရွက်ခြင်း (၂၆.၈.၂၀၂၂) 

Comments