![]() |
| အပေါ်တန်း ဝဲမှယာ မတူး၊ ဂွမ်းပုံကြီး၊ အေးအေးခိုင်၊ ဝေယံမောင်မောင်၊ လုံးတင်၊ အမည်မေ့တစ်ဦး အောင်တန်း ဝဲမှယာ ခင်သန်းဝင်း၊ သန်းသန်းဆင့်၊ အိမ့်ကြာဖြူ၊ ခင်မို့မို့အေး၊ ဝါဝါအောင် |
![]() |
| ဝါဝါအောင်နှင့် |
![]() |
| ဂွမ်းပုံကြီးနှင့် |
![]() |
| သန်းသန်းဆင့်နှင့် |
(ဦး) အောင်ခိုင်က ဘေးကနေ ရယ်ရယ်မောမောနဲ့ အော်တယ်။ "ဒီမဏ္ဍပ်မှာမမ စာသားကို နင်တို့က ဘယ်တွေလက်ညှိုးထိုးနေတာလဲ"တဲ့။ ဒီလိုနဲ့ ကျွန်တော် လိုချင်တဲ့ကတ်တွေ၊ ရှော့တွေရအောင် မမတို့ ကပေးကြတာ ည(၁၂)ကျော်သွားတယ်။
![]() |
| ခင်သန်းဝင်းနှင့် |
ဒါပေမဲ့ တစ်ချက်အပြုံးမပျက်ကြဘူး။ တကယ့် အနုပညာရှင်တွေများ လေးစားစရာကောင်းလိုက်တယ်။ သားလိုချင်တဲ့အနေအထားထိ ရိုက်ပေးမယ်တဲ့။ ရိုက်ကူးပြီးတော့ ဗိုက်ကဆာလာပြီ။ ကျွန်တော်က ညနေစာမစားရသေးဘူး။ ကျွန်တော့်အဖွဲ့သားတွေ စားဖို့သောက်ဖို့ ကျွန်တော်ဝယ်လာပေးထားလို့ သူတို့ကတော့ ဗိုက်ကားနေပြီ။
ခင်မို့မို့အေး (အန်တီမို့)က "သား ညစာမစားရသေးဘူး မဟုတ်လား" တဲ့။ "ဟုတ်တယ်အန်တီမို့" ဆိုတော့ မမများအဖွဲ့က "ကဲ လာ" ဆိုပြီး ကျွန်တော့်ကို ရုပ်ရှင်အစည်းအရုံးထဲက ထမင်းဆိုင်ကို ဆွဲခေါ်သွားတယ်။
ဆိုင်ကဖြင့် အချိန်မတော်လို့ ပိတ်တာကြာပေါ့။ မမများက ဆိုင်ရှင်ကိုနှိုးတယ်။ အန်တီမို့က "ရှိတဲ့ဟင်းအကုန်ချ" ဆိုပြီး ထမင်းကျွေးကြတယ်။ အဲဆိုင်က အခုခေတ်ဆိုင်သစ် မဟုတ်သေးဘူး။ အရင်နေရာဟောင်းလေးပေါ့။ ဒါနဲ့ စားသောက်ပြီး ရိုက်ကူးရေးပစ္စည်းတွေ သိမ်းဆည်းပြီး အိမ်ပြန်တယ်။ အိမ်ရောက်တော့ မနက်(၃)နာရီထိုးလုပြီ။ မနက်လဲ ရိုက်ကူးရေးရှိသေးတော့ ရေမိုးချိုးပြီး အိပ်ရတော့တာပဲ။
![]() |
| ဝါဝါအောင်၊ ကျွန်တော်၊ အေးအေးခိုင်၊ ဂွမ်းပုံကြီး |
ရုံးမှာ သင်္ကြန်အစီအစဉ်တွေ တည်းဖြတ်ပြီး သင်္ကြန်တစ်တွင်းလုံးမှာ အစီအစဉ်မျိုးစုံလွှင့်ဖြစ်တော့ မမများအဖွဲ့ရဲ့အကနဲ့ နှစ်သစ်ဆုတောင်းက ဝေဝေဆာဆာ တက်လာတယ်။ သူတို့ကိုလဲ လွှင့်မဲ့ရက်ဖုန်းကြိုဆက်ထားလို့ စောင့်ကြည့်ကြတယ်တဲ့လေ။
တစ်ခါတလေကျ ရိုက်ကူးရေးအလုပ်က သိပ်ပင်ပန်းပါတယ်။ ဒါပေမဲ့လဲ ဝါသနာအလုပ်ဆိုတော့ ပန်းလို့ပန်းမှန်းလဲ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုရင် ဖန်သားပြင်ပေါ်က ကိုယ့်နာမည်မြင်တဲ့အခါ အမောတွေပြေရတယ်မဟုတ်လား။






Comments
Post a Comment