ကျွန်ုပ်လက်ရာ ၅၃၊ ပိုးစာသီးဖျော်ရည်

 


          ခြံထဲကပိုးစာသီးပင်ကြီးက ခုတ်ခုတ်ပေးတာကို အိမ်ထက်မြင့်နေတယ်။ အသီးတွေပြွတ်သိပ်ပုံများ သီတင်းကျွတ် မီးလုံးလေးတွေလိုပဲ။ အပူချိန်(၄၀)ဒီဂရီကျော်တဲ့ နွေပူပူကြီးမှာ ပိုးစာသီးဖျော်ရည် အေးမြမြက အသည်းခိုက်အောင် အပူငြှိမ်းပေးတာတော့ အမှန်ဗျ။


ပိုးစာသီး

နို့ဆီ

ရေခဲ


            စတော်ဘယ်ရီသီးနဲ့ ပိုးစာသီးက ညီအစ်မလို့ပြောရမယ်။ အနံ့၊ ရသာ၊ အတွေ့က ယိုးမှားဆင်တာကိုး။ အင်္ဂလိပ်လိုဆို နာမည်လဲဆင်တယ်။ Strawberry  နဲ့ Mulberry တဲ့။ ပိုးစာသီးတွေကို စတော်ဘယ်ရီများ လက်ဖျော်သလိုဖျော်လိုက်တယ်။ ပြီးရင် ခွက်တွေထဲကို ရေခဲတုံးလေးတွေထည့်၊ ပိုးစာသီးဖျော်ရည်ထည့်ပြီး မွှေနှောက်သောက်ရုံပဲ။ တစ်ခွက်သောက်လောက်တာနဲ့တင် ခန္ဓာကိုယ်အပူချိန် ဘယ်နှဒီဂရီကျမှန်းတောင် မပြောတတ်တော့ပါဘူး။ ပြည်သူအများ နွေပူဝေးလို့ ရွှေရင်အေးကြပါစေဗျာ။



ကောလိယ ဝေယံမောင်မောင်
၂၇.၄.၂၀၂၃

#ကျွန်ုပ်လက်ရာ
#ကောလိယဝေယံမောင်မောင်


Comments