နဝမမြောက် ဗန်းမော်ဆရာတော် သက်တော်(၉၅)နှစ်၊ ဝါတော်(၇၅)ဝါသည် ယမန်နေ့ (၂၅.၅.၂၀၂၃)၊ ကြာသပတေးနေ့၊ ညဉ့် (၁၁း၁၁)အချိန်၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူသည့်အတွက် သာသနာတော်အတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။
ဆရာတော်ကြီးသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ "သိရောမဏိ" ဘွဲ့ကို မြန်မာတွင် တစ်ဦးတည်းရရှိထားသူဖြစ်ပါသည်။
• ဆက်ကပ်ပူဇော်ခြင်းခံရသောဘွဲ့တံဆိပ်များ
(၁) ၁၉၉၂-ခုနှစ်၊ အဂ္ဂမဟာဂန္တဝါစကာ ပဏ္ဍိတဘွဲ့
(၂) ၁၉၉၉-ခုနှစ်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့
(၃) ၂၀၀၃-ခုနှစ်၊ ရန်ကုန်တက္ကသိုလ်မှ ဒီလစ်ဘွဲ့
(၄) ၂၀၀၅-ခုနှစ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
(၅) ၂၀၀၉-ခုနှစ်၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့
(၆) ၂၀၁၀-ခုနှစ်၊ အဘိဓဇမဟာရဌဂုရုဘွဲ့
• ရေးသားခဲ့သော ကျမ်းများ
(၁) သိမ်တောင်သာသနာဝင်ကျမ် း(မြန်မာဘာသာ)
(၂) နိုင်ငံတော်အစိုးရ၏ လျောက်ထားချက်အရ ပြုစုသော တိပိဋက ပါဠိပဒ ကျမ်းညွှန်း
(၃) တိပိဋက ပါဠိ+မြန်မာအဘိဓာန် (အ)ဝဂ် (၄)အုပ်
(၄) မောဂ္ဂလာန် သဒ္ဒါကျမ်းကြီး၏ ပယောဂသိဒ္ဓိ နိဿယ ပထမပိုင်း
(၅) မောဂ္ဂလာန် သဒ္ဒါကျမ်းကြီး၏ ပယောဂသိဒ္ဓိ နိဿယ ဒုတိယပိုင်း
(၆) မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခြင်း ပထမပိုင်း
(၇) မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခြင်း ဒုတိယပိုင်း
(၈) မန္တလေး ရတနာမဉ္စူ ဘုရားသမိုင်း
(၉) ထေရီ အပဒါနဒီပနီ (ပါဠိဘာသာ)
(၁၀) တိပိဋကပါရာဇိကဏ် ဝိသဇ္ဇနာကျမ်း (၂၈)နှစ်စာ
(၁၁) တိပိဋက ပါစိတ် ဝိသဇ္ဇနာကျမ်း (၂၈)နှစ်စာ
(၁၂) တိပိဋက မဟာဝါ စူဠဝါ ပရိဝါ ဝိသဇ္ဇနာကျမ်း
(၁၃) အောက်ယမိုက်ပါဠိတော် (၅) ကျမ်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခြင်း (ဘဒ္ဒန္တ နာရဒနှင့် ဘဒ္ဒန္တ ကုမာရာဘိဝံသ)
(၁၄) အထက်ယမိုက်ပါဠိတော် (၅) ကျမ်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခြင်း
(၁၅) ပဋ္ဌာန်းတရားတော်
(၁၆) သမ္ဗုဒ္ဓေဂါထာတော်အကြောင်း
(၁၇) ပဋ္ဌာန်း(၂၄)ပစ္စည်း ရုပ်ပြစုံ
(၁၈) ကမ္မဌာန်းလေးဆယ်အားထုတ်နည်း
(၁၉) နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်စဉ်
ဓာတ်ပုံရှင်များအား မူပိုင်ပေးပါသည်။
ကောလိယ ဝေယံမောင်မောင်
၂၆.၅.၂၀၂၃



















Comments
Post a Comment