(၁၀)နှစ်ပြည့် စာအုပ်တစ်အုပ်

          စာပေနယ်ကို စာမူခရပြီးရောက်တာ သက္ကရာဇ်(၂၀၀၀)၊ မူလတန်းကပါ။ စာတွေရေးရင်း စာမူတွေပုံနှိပ်ခံရ၊ ဆုတွေရပြီး (၂၀၁၃)မှာ တစ်ဆုထပ်ရပါတယ်။ ကျပ်သိန်း(၂၀)နဲ့အတူ "တော်ဝင်ပန်းမန် ဆဋ္ဌဂံ" ဆိုတဲ့စာအုပ် ပါဝင်ရေးသားထုတ်ဝေခွင့် ရခဲ့ပါတယ်။

          စာအုပ်မိတ်ဆက်ပွဲကို ၂၇.၅.၂၀၁၃၊ မွန်းလွဲ(၂)နာရီ၊ တော်ဝင်စင်တာမှာ ကျင်းပခဲ့တာ (၁၀)နှစ်ပြည့်ပါပြီ။ စာရေးဆရာတွေ၊ နိုင်ငံကျော် အနုပညာရှင်တွေ၊ ပရိသတ်တွေ ခမ်းခမ်းနားနား တက်ခဲ့ကြပါတယ်။

          အမှတ်ရစရာတစ်ခုက ကျွန်တော်ဟာ MNTV မှာ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူလုပ်နေတုန်း ကိုယ့်ရုပ်သံမှာ စာရေးဆရာအနေနဲ့ ပြန်ပါရတာပါ။

          တော်ဝင်မိသားကုမ္ပဏီလီမိတက် ဥက္ကဋ္ဌကြီး ဦးကိုကိုထွေးနဲ့ မဝတ်ရည်ထွေးတို့ မိသားစုကို အောက်မေ့ကျေးဇူးတင်ပါတယ်။ ပထမဆုံးအကြိမ် "စာပေမြှင့်တင် လူ့စွမ်းအင်" စာပေပညာရှင်များနဲ့ မိတ်ဆွေအားလုံးကိုလဲ များစွာအမှတ်ရနေပါတယ်။

ကောလိယ ဝေယံမောင်မောင်


#တော်ဝင်ပန်းမန်ဆဋ္ဌဂံ
#စာပေမြှင့်တင်လူ့စွမ်းအင်
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#KawliyaWaiYanMaungMaung
#WaiYanMaungMaung




















Comments