နိုင်ငံ့အကြီးအကဲဗိုလ်ချုပ်က မသေမီ(၂)နှစ်မှာ အိမ်ငှားနေခဲ့ပါတယ်။ အိမ်ရှင်က တရုတ်လင်မယားတဲ့။ (၁၉၄၇) ဇူလိုင်(၁၉)မှာ ဗိုလ်ချုပ်သေတော့ နိုင်ငံတော်ကနေ တရုတ်လင်မယားထံက ငွေသုံးသောင်းနဲ့ဝယ်ခဲ့ပါတယ်။
ဗိုလ်ချုပ်သေပြီး မိသားစုတွေ ဆက်နေကြပေမဲ့ (၁၉၅၃)မှာ အိမ်ဝင်းကန်ထဲ သားလတ် အောင်ဆန်းလင်း ရေနစ်သေပြီး ဆက်မနေကြတော့ပါဘူး။ (၁၉၇၀)မှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က နိုင်ငံတော်ကို ပရိဘောဂ(၅၃)မျိုးနဲ့ ပစ္စည်းစုံအပ်နှံပါတယ်။ (၁၉၆၀)မှာ ပြတိုက်ဖြစ်လာခဲ့ပါတယ်။
ဗိုလ်ချုပ်ပြတိုက် (၂)ခုရှိပါတယ်။ တစ်ခုက ဗိုလ်ချုပ်ငယ်စဉ်နေခဲ့တဲ့ နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပါ။ တစ်ခုက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖြစ်ပါတယ်။
ရန်ကုန်ပြတိုက်ဟာ (၂.၅၄၃)ဧကကျယ်ပြီး (၁၈)ပေမြင့် တောင်ကုန်းပေါ်မှာဆောက်ထားတဲ့ (၂၀)ရာစု ဥရောပပုံစံဖြစ်ပါတယ်။ (၁၉၉၉)မှာ သစ်သားထည်အုတ်ရိုးစီကို ပိုခိုင်အောင် သံကူကွန်ကရစ်နဲ့ မွမ်းမံပြီး (၂၀၀၀)ပြည့်နှစ်၊ အာဇာနည်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ကောလိယဝေယံမောင်မောင်
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#GeneralAungSan #ဗိုလ်ချုပ်အောင်ဆန်း
#MartyrsDay #အာဇာနည်နေ့ #ဗိုလ်ချုပ်ပြတိုက်
Comments
Post a Comment